လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ဂျီရိုနာအသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ်တွင် ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့သော်လည်း အသင်း၏ စွမ်းဆောင်ရည်ကို ကျေနပ်မှုမရှိကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ် League Phase ပွဲစဉ် (၆)အဖြစ် ပြီးခဲ့သည့်အင်္ဂါနေ့က ဂျီရိုနာ အသင်းနှင့်ကစားခဲ့ရပြီး အဝေးကွင်းတွင် ဆာလာ၏ပယ်နယ်တီဂိုးကြောင့် (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။ လီဗာပူးလ်အသင်းအနေဖြင့် ချန်ပီယံလိဂ် ပွဲစဉ် (၆) အပြီးတွင် (၆) ပွဲစလုံးအနိုင်ရကာ ရာနှုန်းပြည့်နိုင်ပွဲ ဆက်ခဲ့ခြင်း ဖြစ်သည်။
လီဗာပူးလ်အသင်းသည် ဂျီရိုနာနှင့်ပွဲတွင် ယခင်ပွဲစဉ်များကဲ့သို့ ပွဲကိုလွှမ်းမိုးကစားနိုင်ခြင်းမရှိဘဲ ပြိုင်ဘက်အသင်းကို အခွင့်အရေးများပေးခဲ့ရပြီး အယ်လစ်ဆန်လက်စွမ်းပြခြင်းကြောင့် ဂိုးပြန်မပေးခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါပွဲစဉ်အပြီးတွင် လီဗာပူးလ်နည်းပြ ဆလော့က မိမိအနေဖြင့် အသင်း၏စွမ်းဆောင်မှုကိုကျေနပ်ခြင်းမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆလော့က "ကစားပြီးခဲ့တဲ့ ချန်ပီယံလိဂ်(၆)ပွဲအကြောင်း မေးမယ်ဆိုရင် ရလဒ်ကို ကျွန်တော် ကျေနပ်ပါတယ်။ ပြီးခဲ့တဲ့ (၅)ပွဲက အသင်းရဲ့စွမ်းဆောင်ရည်ကို ကျေနပ်ပေမဲ့ ဒီပွဲစွမ်းဆောင်ရည်ကိုတော့ မကျေနပ်နိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒီပွဲမှာ ရီးယဲလ်၊ မန်စီးတီးတို့ကို ကစားသလိုမျိုး မကစားနိုင်ခဲ့ပါဘူး။ ဒီပွဲမှာ ကျွန်တော်တို့အနေနဲ့ ပွဲကို ထိန်းချုပ်နိုင်ခြင်းလည်းမရှိခဲ့ပါဘူး။ အယ်လစ်ဆန်ကောင်းလို့သာ ဒီရလဒ်ရခဲ့တာပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
