ဗစ်တိုးရီးယားပယ်လ်ဇန် နှင့် မန်ယူ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
မန်ယူအသင်းနည်းပြသစ် အာမော်ရင်မ်ကတော့ နှစ်ပွဲဆက် ရှုံးပွဲနဲ့အတူ စောစောစီးစီးပဲ ဖိအားအောက်ရောက်သွားခဲ့ရတယ်။ အခု ယူရိုပါလိဂ်ပွဲကလည်း (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ခွင့်ရဖို့အတွက် မဖြစ်မနေအနိုင်ကစားရမယ့်ပွဲဖြစ်နေလို့ မန်ယူအသင်းအဖို့ ဖိအားကြီးမားပါတယ်။ မန်ယူအသင်းက ဒီပွဲပြီးရင် ပရီးမီးယားလိဂ်မှာ မန်ချက်စတာဒါဘီ ကစားရဦးမှာဖြစ်လို့ ကစားသမားပိုင်းတော့ အပြောင်းအလဲတွေ လုပ်လာနိုင်တယ်။ ပယ်လ်ဇန်က မန်ယူနဲ့ အမှတ်တူနေပြီး ရှုံးပွဲမရှိသေးတဲ့အသင်းပါ။ ဒါပေမဲ့ ဒီပွဲတော့ မန်ယူ အနိုင်ကစားဖို့များတယ်။
ရိုးမား နှင့် စပို့တင်းဘရာဂါ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
နိုင်ပွဲပြန်ရထားတဲ့ ရိုးမားအသင်း ဒီတစ်ပွဲလည်း အနိုင်ကစားဖို့ များပါတယ်။
အေဂျက်စ် နှင့် လာဇီယို (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
လာဇီယိုအသင်း ပွဲကျပ်တွေ တောက်လျှောက်ကစားနေရတယ်။ နာပိုလီအသင်းနဲ့ ကိုပါအီတာလီယာ၊ စီးရီးအေ နှစ်ပွဲဆက်တိုက် ကစားပြီးနောက် အခု အေဂျက်စ်အသင်းနဲ့ အဝေးကွင်းကစားရပြီး ဒီပွဲပြီးရင်လည်း အင်တာမီလန်နဲ့ အိမ်ကွင်းထပ်ကစားရဦးမယ်။ ယူရိုပါလိဂ်နောက်ဆုံးပွဲမှာ အမှတ်လျော့ခဲ့တဲ့ လာဇီယိုအသင်း အရန်အင်အားလည်း တောင့်တင်းမှုမရှိလို့ ဒီလိုအနေအထားကို အောင်မြင်စွာကျော်ဖြတ်နိုင်ဖို့ အတော်လေးရုန်းကန်ရမယ်။ အေဂျက်စ်အသင်းကတော့ ဒီရာသီ အိမ်ကွင်းမှာ ရှုံးပွဲမရှိသေးတဲ့အသင်းပါ။ အေဂျက်စ် မရှုံးနိုင်ပေမဲ့ သရေကျသွားဖို့ ပိုများပါတယ်။
လိုင်ယွန် နှင့် ဖရန့်ဖတ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
လိုင်ယွန်အသင်း ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပေမဲ့ အသင်း Form တော့ မပျက်သွားသေးတာ ချီးကျူးစရာပါပဲ။ ကွင်းတွင်းစွမ်းဆောင်ရည်က ကျမသွားတဲ့အပြင် ပိုကောင်းလာတဲ့အနေအထားမျိုး တွေ့ရတယ်။ လိုင်ယွန်အနေနဲ့ ဒီရာသီ ရှုံးပွဲတွေမှာ အဝေးကွင်းထက် အိမ်ကွင်းမှာ ပိုများနေတာတော့ သတိပြုရမယ့် အချက်ပါပဲ။ ဖရန့်ဖတ်အသင်းကတော့ ရလဒ်တွေ ဆက်တိုက်ကောင်းလာပြီးမှ နောက်ပိုင်း နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ နှစ်သင်းစလုံး (၁၆)သင်းအဆင့် တိုက်ရိုက်တက်ရောက်ခွင့်အတွက် ရုန်းကန်ကြမှာဖြစ်ပြီး ဖရန့်ဖတ် သရေရနိုင်ပါတယ်။
ရိန်းဂျားစ် နှင့် စပါး (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးရဲ့ အနာဂတ်ကတော့ အတော်လေးလှုပ်ခတ်လာပြီ။ ယူရိုပါလိဂ်မှာလည်း နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး အဆင့်(၉)နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။ အခုဆုံတွေ့မယ့် ရိန်းဂျားစ်ကတော့ စပါးအသင်းနဲ့ အမှတ်တူဖြစ်ပြီး အမှတ်ပေးဇယား အထက်အောက် ရပ်တည်နေကြတဲ့ အသင်းတွေပါ။ ရိန်းဂျားစ်အသင်းက အခု စပါးအသင်းနဲ့ပြီးရင် လာမယ့်ပွဲမှာ မန်ယူအသင်းနဲ့ အဝေးကွင်း သွားကစားရမှာဖြစ်တယ်။ ဒီနှစ်ပွဲက ရိန်းဂျားစ်အသင်းရဲ့ကံကြမ္မာကို အပြောင်းအလဲတွေ များစွာဖြစ်ပေါ်စေနိုင်တယ်။ နိုင်ပွဲရှာရတော့မယ့် စပါးပဲ ကြိုက်တယ်။
အခြားပွဲစဉ်များ
*လူဒိုဂိုရတ်စ် - အယ်လ်ခမာ
*မာလ်မို - ဂါလာတာစာရေး
*အိုလံပီယာကော့စ် - FC တွမ်တီး
*PAOK - ဖယ်ရန်ဗာရို့စ်
ဟော်ဖန်ဟင်မ် - စတူအာဘူခါရက်*
ဆန်လွိုက်ဆီ - နိုက်စ်*
*ဘိုဒယ်ဂလင့် - ဘက်ဆစ်တက်
*အဲလ်ဖ်ဘော့ - ကာရာဘတ်
*ပေါ်တို - မစ်ဂျီလန်း
မက္ကာဘီတဲလ်အဗစ် - ရီဂတ်စ်*
*ဆိုစီဒက် - ဒိုင်နမိုကိဗ်
ဆလားဗီးယားပရပ်ဂ် - အန်ဒါလက်ချ်*
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
