ဒေါ့မွန် နှင့် ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် မေလ ၂၆ ရက် ည ၁၁းဝ၀ နာရီ)
အခု Der Klassiker ပွဲစဉ်က ဒေါ့မွန်အတွက် ပိုအရေးပါနေတယ်။ ဒီပွဲသာအရေးနိမ့်ခဲ့ရင် ထိပ်ဆုံးက ဘိုင်ယန်နဲ့ အမှတ်ကွာဟမှုက (၇)မှတ်ဖြစ်သွားလို့ လက်ကျန်(၆)ပွဲအလိုမှာ ပြန်လိုက်မီဖို့ မလွယ်လောက်တော့ဘူး။ ဒေါ့မွန်အသင်းက ဒီရာသီ အိမ်ကွင်းမှတ်တမ်း အတော်ကောင်းပါတယ်။ (၁၃)ပွဲကစားရာမှာ (၃)ပွဲသာသရေကျပြီး ရှုံးပွဲလုံးဝမရှိခဲ့ဘူး။ ဒေါ့မွန်အသင်းမှာ အမ်မရီချန် ပြန်ပါလာပြီး ဝုလ်ဖ်ဘတ်နဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့ ဟမ်းမဲလ်လည်း အခုပွဲအမီ ကြံ့ခိုင်မှုပြည့်ဝဖို့များပါတယ်။ ဘိုင်ယန် ကလည်း ရလဒ်တွေ တောက်လျှောက်ကောင်းနေတယ်။ ချန်ပီယံဆုကို (၇)နှစ်ဆက်တိုက် ရယူထားတဲ့ ဘိုင်ယန်က ဒီလိုအခြေအနေမျိုးကို ကောင်းကောင်းကိုင်တွယ်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ဘိုင်ယန်က ဒေါ့မွန်လောက် အသင်းလိုက်အထိုင်မကျသေးတာကိုတော့ သတိပြုရမှာပါ။ ဒေါ့မွန် အမှတ်မျှော်လင့်လို့ရနိုင်တယ်။
လေဗာကူဆင် နှင့် ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် မေလ ၂၇ ရက် နံနက် ၁းဝ၀ နာရီ)
ဒီ(၂)သင်းရဲ့နောက်ဆုံးတွေ့ဆုံမှု(၄)ကြိမ်မှာ အဝေးကွင်းကစားတဲ့အသင်းတွေကပဲ အနိုင်ယူခဲ့တာက အံ့အားသင့်စရာကောင်းနေတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ လေဗာ ကူဆင်ရဲ့ခြေစွမ်းကို တားဆီးဖို့ခက်ပါတယ်။ ဟာဗက်ဇ်က ပြန်ကစားတဲ့(၂)ပွဲဆက် (၂)ဂိုးစီသွင်းထားပြီး ဂိုးမြူးနေတယ်။ ဝုလ်ဖ်ဘတ်အသင်း အသင်းလိုက်ကောင်းပေမယ့် တစ်ဦး ချင်းကွာပါတယ်။ လေဗာကူဆင် နိုင်ပွဲဆက်ဖို့များတယ်။
Photos : Bayer 04 Leverkusen Facebook
ဖရန့်ဖတ် နှင့် ဖရိုင်းဘတ် (မြန်မာစံတော်ချိန် မေလ ၂၇ ရက် နံနက် ၁းဝ၀ နာရီ)
ဘွန်ဒစ်လီဂါ(၅)ပွဲဆက်အရှုံးကနေ ဖရန့်ဖတ်အသင်း ပြန်ရုန်းထနိုင်မလား စောင့်ကြည့်ရမယ်။ ဒါပေမဲ့ ဒီရှုံးပွဲ(၅)ပွဲမှာ (၄)ပွဲက ဇယားထိပ်ဆုံးကအသင်းတွေနဲ့ ဖရန့်ဖတ် ရင်ဆိုင်ခဲ့ရတာ ပါ။ ဖရိုင်းဘတ်ကလည်း ဥရောပဝင်ခွင့်အတွက် အမှတ်လိုအပ်ပေမယ့် ဖရန့်ဖတ်အတွက်က ပိုအရေးကြီးပါတယ်။ ဖရန့်ဖတ်အနေနဲ့ ဒီပွဲသာအနိုင်မရရင် တန်းဆင်းဇုန်အန္တရာယ်အတွက် ပိုစိုးရိမ်စရာကောင်းသွားနိုင်တယ်။ အိမ်ရှင်ကိုပဲ ကြိုက်တယ်။
၀ါဒါဘရီမင် နှင့် မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် မေလ ၂၇ ရက် နံနက် ၁းဝ၀ နာရီ)
၀ါဒါဘရီမင်အသင်း နိုင်ပွဲပြန်ရခဲ့လို့ ယုံကြည်မှုပြန်တည်ဆောက်လာနိုင်ပေမယ့် ဖရိုင်းဘတ်အသင်းကို ကံကြမ္မာမျက် နှာသာပေးခဲ့လို့ အနိုင်ရခဲ့တာတော့ မေ့ပစ်လို့မရဘူး။ အခုဆုံ တွေ့ရမယ့်ပြိုင်ဘက်က ဖရိုင်းဘတ်ထက် အင်အားတောင့်တင်းတဲ့အသင်းဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အမှတ်ထပ်လျော့ခံလို့မဖြစ်တော့တဲ့ မိုချန်ဂလာဘတ်အသင်းပါ။ မိုချန်ကိုပဲ ရွေးချယ်ချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
