အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက စီးရီးအေပြိုင်ပွဲကို ဇွန် ၁၃ ရက် (သို့မဟုတ်) ၂၀ ရက်တွင် ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
မေ ၂၄ ရက်က RaiTG3ရုပ်သံနှင့်တွေ့ဆုံစဉ် အားကစားဝန်ကြီး စပါဒါဖိုရာက ''ကျွန်တော်တို့အနေနဲ့ စီးရီးအေပြိုင်ပွဲစတင်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ ရက်စွဲနှစ်ခုအတွက် လုပ်နေ ပါတယ်။ အဲဒီရက်တွေက ဇွန် ၁၃ ရက် ဒါမှမဟုတ် ဇွန် ၂၀ ရက်ဖြစ်မှာပါ။ ရာသီပြန်စဖို့အတွက် လုပ်ထုံးလုပ်နည်းတွေလည်းရထားပါပြီ။ အဲဒါက လေ့ကျင့်ခန်းအစီအစဉ်တွေ အတွက် သဘောတူထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့ တော်တော်လေးတူပါတယ်။ ဘယ်အချိန်ပြန်စနိုင်မလဲဆိုတာ ကြာသပတေးနေ့ (မေ ၂၈ ရက်)မှာ ကျွန်တော်တို့ ဆုံးဖြတ်သွားမှာ ပါ''ဟု ပြောကြားသည်။
အီတလီအစိုးရက ပရော်ဖက်ရှင်နယ်အားကစားပြိုင်ပွဲများကို ဇွန် ၁၄ ရက်မတိုင်မီ ကျင်းပခွင့်မရှိဟု ကြေညာထားသဖြင့် ဇွန် ၂၀ ရက်မှသာ စတင်နိုင်ဖွယ်ရှိကြောင်းလည်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။
ထို့ပြင် စီးရီးအေပြိုင်ပွဲ ပြန်လည်စတင်မည့် ဇွန်၊ ဇူလိုင်မှာ အပူချိန်အမြင့်ဆုံးနွေရာသီဖြစ်သောကြောင့် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲ (မြန်မာစံတော်ချိန် ည ၉ နာရီ) တွင် ပွဲစဉ်များ ကစားခြင်းမပြုရန် ကစားသမားများအဖွဲ့က တိုက်တွန်းထားကြောင်း သိရသည်။
စီးရီးအေပြိုင်ပွဲကို ပရိသတ်များမပါဘဲ ကွင်းပိတ်ကစားမည်ဖြစ်ပြီး ဘွန်ဒစ်လီဂါကဲ့သို့ ရုပ်သံလိုင်းများမှ အခမဲ့ပြသနိုင်ရန် ဆွေးနွေးလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
