Top News

ရန်ကုန်ယူနိုက်တက်အသင်းလိုဂိုပါသော Mask များ အကုန်ရောင်းချနိုင်ခဲ့
24htopnews | December 12, 2024 4:12 PM CST

MNL ကလပ် ရန်ကုန်ယူနိုက်တက်အသင်း လိုဂိုပါဝင်သော Mask များကို ရောင်းချခဲ့ရာ ကုန်ပစ္စည်းအကုန် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask များကို (၂)ခုလျှင် (၃၀၀၀)ကျပ်ဖြင့် ပြီးခဲ့သည့် မေလ (၁၈)ရက်နေ့က ရန်ကုန်ယူနိုက်တက်အသင်း၏အိမ်ကွင်း YUSC တွင် စတင်ရောင်းချခဲ့ရာ မေလ (၁၉)ရက်နေ့တွင် ရောင်းကုန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်း၏ လိုဂိုပါဝင်သော Mask များကို အခု ရေ (၄၀၀)ကျော်သာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်သည်။

အဆိုပါ Mask ကို ပြန်လည်လျှော်ဖွပ်၍ အသုံးပြုနိုင်သောပုံစံဖြင့် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများအနက် ရန်ကုန်အသင်းသည် အသင်း၏ လိုဂိုပါသော Mask များကို ပထမဦးဆုံး တရားဝင်ရောင်းချခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK