ဘိုင်ယန်အသင်းနှင့်ယနေ့ကစားမည့်ပွဲအတွက် အဓိကကစားသမားများဖြစ်သည့် ဆန်ချို၊ ဟမ်းမဲလ်နှင့် ဗစ်ဆဲလ်တို့ အသင့်ရှိနေကြောင်း ဒေါ့မွန်အသင်းနည်းပြ လူစီယန်ဖာက မေလ ၂၅ ရက်ကပြုလုပ်ခဲ့သော ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
'' မတ်ဟမ်းမဲလ်က ကစားဖို့အဆင်ပြေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အိတ်ဇယ်(ဗစ်ဆဲလ်)ကလည်း မနေ့က အသင်းနဲ့အတူ ပြန်လေ့ကျင့်နေပြီး အသင်းလူစာရင်းမှာ ပါဝင်လာမှာပါ။ ဂျေဒန်(ဆန်ချို)က လေ့ကျင့်ရေးနည်းနေတယ်။ သူက အသင်းနဲ့ပြန်ပူးပေါင်းတာ (၁၀)ရက်ပဲရှိသေးတယ်။ ရှော်လ်ကေးနဲ့ပွဲမှာ သူ မိနစ်(၂၀)ကစားခဲ့တယ်။ ဝုလ်ဖ်ဘတ်နဲ့ပွဲမှာ အနည်းငယ်ပိုကစားခဲ့တယ်။ သူ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပါတယ်'' ဟု လူစီယန်ဖာက မှတ်ချက်ပြုခဲ့သည်။
ဟမ်းမဲလ်သည် စနေနေ့က ဝုလ်ဖ်ဘတ်အသင်းနှင့်ကစားသည့်ပွဲတွင် ခြေဖနောင့်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအပြီးမှာပင် လူစားလဲခဲ့ရသည်။
ဟမ်းမဲလ်သည် ဘိုင်ယန်မြူးနစ်အသင်း၌ သုံးရာသီကြာကစားပြီးနောက် ပြီးခဲ့သည့်နှစ်နွေရာသီတွင် အသင်းဟောင်း ဒေါ့မွန်သို့ ပြန်လည်ပြောင်းရွှေ့လာသူဖြစ်သည်။
ဆန်ချိုမှာ ပြီးခဲ့သည့်(၂)ပွဲတွင် ပွဲထွက်ကစားခွင့်မရခဲ့သော်လည်း ယနေ့ပွဲ၌ Line-up ဝင်ဖွယ်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
