Top News

ပေါ့ဘာအား ရောင်းထုတ်ရန် မန်ယူအသင်းကို ရှရင်ဂမ် တိုက်တွန်း
24htopnews | December 12, 2024 4:12 PM CST

မန်ယူတိုက်စစ်မှူးဟောင်း ရှရင်ဂမ်က ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာအား လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ရောင်းထုတ်ရန် မန်ယူအသင်းကို တိုက်တွန်းခဲ့သည်။ 

မန်ယူတိုက်စစ်မှူးဟောင်း ရှရင်ဂမ်က ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာအား လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ရောင်းထုတ်ရန် မန်ယူအသင်းကို တိုက်တွန်းခဲ့သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ ပေါ့ဘာသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေရသလို ပါဝင်ကစားသည့်ပွဲစဉ်များတွင်လည်း ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

ပေါ့ဘာမှာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်သော်လည်း အသင်းအပေါ် ရွိုင်ကိန်းတို့ကဲ့သို့ ပေးဆပ်လိုသူမဟုတ်ကြောင်းနှင့် အသင်းကစားသမားများအပေါ် ဆိုးကျိုးသက်ရောက်စေသူသာ ဖြစ်သည်ဟု ရှရင်ဂမ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ရှရင်ဂမ်က "ကျွန်တော့်အတွက်တော့ ပေါ့ဘာက ထိပ်တန်းကစားသမားပါ။ ဒါပေမဲ့ ပေါ့ဘာ အရင်တုန်းက မန်ယူအသင်းခေါင်းဆောင် ရွိုင်ကင်းလို စိတ်ဓာတ်မျိုး ရှိသူ မဟုတ်ပါဘူး။ ပေါ့ဘာက ပါရမီရှိတဲ့ ကစားသမားဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ပေါ့ဘာဟာ မန်ယူအသင်းဖော်တွေကို စိတ်အားတက်ကြွစေတဲ့ ကစားသမားမဟုတ်ဘဲ ဆိုးကျိုးတွေသာ ဖြစ်စေသူပါ။ ဒါကြောင့် မန်ယူအသင်းအနေနဲ့ ပေါ့ဘာကို ဆက်ထိန်းထားတာထက် ရောင်းချလိုက်တာ ပိုကောင်းပါတယ်။ သူ့နေရာမှာ အသင်းအတွက် ပေးဆပ်ချင်တဲ့ ကစားသမားတစ်ဦးနဲ့ အစားထိုးလိုက်တာက မန်ယူအသင်းအတွက် ပိုအဆင်ပြေမှာပါ"ဟု ပြောကြားခဲ့သည်။ 

ပေါ့ဘာသည် ၂၀၁၆ ခုနှစ်မှ ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၈၉)သန်းဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ 

သို့သော် ပေါ့ဘာသည် မန်ယူအသင်းမှ ထွက်ခွာမည်ဟု သတင်းများ အဆက်မပြတ်ထွက်ပေါ်နေသူဖြစ်ပြီး ၎င်းကို ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်နှင့် အသင်းဟောင်း ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေကြောင်း သိရသည်။ 


READ NEXT
Cancel OK