■ ဒေါ့မွန် ၀-၁ ဘိုင်ယန်မြူးနစ်
ဂျာမန်ဒါဘီဖြစ်တဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်ပွဲမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက ဒေါ့မွန်အသင်းကို အဝေးကွင်းမှာ ကင်မစ်ချ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒေါ့မွန်အသင်းဟာ ဆန်ချိုကို အရန်ခုံမှာ ထားခဲ့ပြီး ဟော်လန်း၊ ဘရန့်၊ သော်ဂန်ဟာဇက်၊ ဟမ်မဲလ်တို့နဲ့ လူစုံခဲ့သလို ဘိုင်ယန်မြူးနစ်အသင်းမှာလည်း လီဝန်ဒေါစကီး၊ မူလာ၊ ကင်မစ်ချ်၊ ကိုးမန်း၊ နာဘရီတို့နဲ့ လူစုံပါဝင်ခဲ့ပါတယ်။
ဒေါ့မွန်အသင်းဟာ ပွဲစစချင်းမှာ ဂိုးရနိုင်တဲ့ အခွင့်အရေးရရှိခဲ့ပေမယ့် သော်ဂန်ဟာဇက်နဲ့ ဟော်လန်းတို့ အသုံးမချနိုင်လို့ နစ်နာခဲ့ရပါတယ်။
ပွဲအစပိုင်းမှာ ဒေါ့မွန်အသင်းက အခွင့်အရေးတွေ ပိုရခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ဘိုင်ယန်မြူးနစ်အသင်းက ပွဲကို ထိန်းချုပ်ကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အတွက် အဖွင့်ဂိုး ပွဲချိန် (၄၃)မိနစ်မှာ ကင်မစ်ချ်က ဧရိယာ အပြင်ဘက်ကနေ လှလှပပကန်သွင်းယူခဲ့ပြီး ပထမပိုင်းအပြီးမှာ ဘိုင်ယန်မြူးနစ်အသင်းက (၁-၀)ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်အစမှာလည်း ဘိုင်ယန်မြူးနစ်က ဖိကစားခဲ့ပြီး ဂိုဟက်ဇ်ကာရဲ့ ကန်ချက်ကို ဒေါ့မွန်ဂိုးသမား ဘာကီ ပုတ်ထုတ်ကာကွယ်ခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ နှစ်သင်းစလုံး အပြန်အလှန်ကစားခဲ့ကြပြီး ဟော်လန်းရဲ့ ဧရိယာအတွင်းက အပိုင်ကန်ချက်ဟာ ဘိုတန်းနဲ့ ထိပြီး ဂိုးဘေးကပ်ထွက်ခဲ့လို့ ဒေါ့မွန်တို့ နစ်နာခဲ့ရပါတယ်။
ပွဲချိန် မိနစ် (၇၀)ကျော်မှာ ဟော်လန်း ဒဏ်ရာရပြီး ရေနာနဲ့ လူစားလဲခဲ့ရပါတယ်။ ဒါက ဒေါ့မွန်အသင်းရဲ့ တိုက်စစ်ကို ထိခိုက်စေခဲ့တာပါ။
ကျန်ပွဲချိန်တွေမှာလည်း နှစ်သင်းစလုံး ဂိုးတွေရဖို့ ကြိုးစားခဲ့ပြီး လီဝန်ဒေါစကီးရဲ့ ကန်ချက်တစ်ကြိမ် တိုင်ထိထွက်ခဲ့သလို၊ ဒေါ့မွန်ရဲ့ တိုက်စစ်ပိုင်းကလည်း ဘိုင်ယန်မြူးနစ်နောက်တန်းနဲ့ ဂိုးသမားကို မကျော်နိုင်တာကြောင့် အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို (၀-၁)ဂိုးနဲ့ အရှုံးပေးခဲ့ရတာပါ။
ဒီနိုင်ပွဲကြောင့် ဘိုင်ယန်မြူးနစ်အသင်းက ချန်ပီယံဆုအတွက် အကောင်းဆုံးအခြေအနေကို ပိုင်ဆိုင်သွားခဲ့ပြီး ဒုတိယနေရာက အနီးကပ်ဆုံးပြိုင်ဘက် ဒေါ့မွန်အသင်းကို (၇)မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
