Top News

ဘွန်ဒစ်လီဂါပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်
24htopnews | December 12, 2024 4:12 PM CST

လိုက်ပ်ဇစ် - ဟာသာဘာလင် (ဗုဒ္ဓဟူးည ၁၁:၀၀ နာရီ)

ဟာသာဘာလင်က နည်းပြသစ် လတ်ဘာဒီယာလက်ထဲ မှာ အတော်လေးအခြေအနေကောင်းလာတယ်။ ပြိုင်ပွဲပြန်စချိန် (၂)ပွဲကစား (၂)ပွဲစလုံး ဂိုးပြတ်အနိုင်ယူထားခဲ့တာ တွေ့ရတယ်။  လိုက်ပ်ဇစ်ကလည်း နောက်ဆုံးပွဲမှာ နိုင်ပွဲပြန်တွေ့ခဲ့ပြီး ဗာနာ၊ ပေါလ်ဆင်တို့ ခြေစွမ်းပြနိုင်ခဲ့တယ်။ ဘွန်ဒစ်လီဂါတွေ့ဆုံမှု(၇) ပွဲမှာ လိုက်ပ်ဇစ်က (၆)ပွဲနိုင်ပြီး နိုင်ပွဲအားလုံး ဂိုးပြတ်ခဲ့တယ်။ ဒီပွဲလည်း လိုက်ပ်ဇစ်ဘက်ကပဲ ရပ်တည်သင့်တယ်။

ဟော်ဖန်ဟင်မ် - ကိုလုံး (ကြာသပတေးနံနက် ၁:၀၀ နာရီ)

ဟော်ဖန်ဟင်မ်က အမှတ်ပေးပွဲ (၈)ပွဲဆက်တိုက် နိုင်ပွဲ ပျောက်နေတာတွေ့ရတယ်။ ဒါပေမဲ့ အသင်းရဲ့အခြေအနေက ဆိုးရွားနေပေမယ့် ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိနေသေးတာ သတိပြုစရာပါ။ ကိုလုံးကလည်း အခုပြိုင်ပွဲတွေပြန်စချိန်မှာ ဘောလုံးပွဲတွေမရပ်နားမီက အသင်းလိုက်စွမ်းဆောင် ရည်မျိုး မရသေးဘူး။ အိမ်ကွင်းမှာ ဟော်ဖန်ဟင်မ်အမှတ်ယူလိမ့်မယ်ထင်တယ်။

ဒစ်ဆယ်ဒေါ့ဖ် - ရှော်လ်ကေး (ကြာသပတေးနံနက် ၁:၀၀ နာရီ)

ဒစ်ဆယ်ဒေါ့ဖ်က တန်းဆင်းဇုန်ကနေလွတ်မြောက်ဖို့ ရုန်းကန်နေပေမယ့် အိမ်ကွင်း(၅)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ အသင်းပါ။ ဒီတစ်ပွဲတော့ နိုင်ပွဲပျောက်တာကြာနေပြီဖြစ်တဲ့ ရှော်လ်ကေးနဲ့ပဲ စွန့်စားချင်တယ်။

အော့စ်ဘတ် - ပါဒါဘွန်း (ကြာသပတေးနံနက် ၁:၀၀ နာရီ)

လက်ရှိအနေအထားအရ အော့စ်ဘတ်အသင်း အမှတ် သိပ်မလိုအပ်တာ ထည့်တွက်ရမှာပါ။ ပါဒါဘွန်း အမှတ်ထပ်ရခဲ့ရင် အံ့ဩစရာမရှိပါဘူး။

အူန်ယွန်းဘာလင် - မိန့်ဇ် (ကြာသပတေးနံနက် ၁:၀၀ နာရီ)

မိန့်ဇ်အသင်းရဲ့ခြေစွမ်းက မှန်းဆရခက်ပေမယ့် ရှုံးပွဲဆက် နေပြီး (၂)ပွဲဆက်ဂိုးပေါက်ပျောက်ထားတဲ့ အူန်ယွန်းဘာလင် ထက်တော့ တည်ငြိမ်ပါတယ်။ မိန့်ဇ် အမှတ်ရနိုင်တယ်။


READ NEXT
Cancel OK