Top News

ပရီးမီးယားလိဂ်ပြန်လည်စတင်ချိန်တွင် လီဗာပူးလ်အသင်း ပိုကောင်းလာမည်ဟု ဂျိုးဂိုးမက်ဇ် ပြောကြား
24htopnews | December 12, 2024 4:12 PM CST

လီဗာပူးလ်နောက်ခံလူ ဂျိုးဂိုးမက်ဇ်က ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်တွင် မိမိတို့အသင်းအနေဖြင့် ပိုကောင်းလာမည်ဟု ပြောကြားခဲ့သည်။ 

လီဗာပူးလ်နောက်ခံလူ ဂျိုးဂိုးမက်ဇ်က ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်တွင် မိမိတို့အသင်းအနေဖြင့် ပိုကောင်းလာမည်ဟု ပြောကြားခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် မတ်လကတည်းက ရပ်နားထားရသည့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန်လလယ်ပိုင်းတွင် ပြန်လည်ကျင်းပရန် စီစဉ်နေကြောင်း သိရှိရသည်။ 

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အကောင်းဆုံးစွမ်းဆောင်နိုင်ထားခဲ့ပြီး ကပ်ဘေးကြောင့် ပြိုင်ပွဲမရပ်နားမီ ပွဲစဉ် (၂၉)အပြီးတွင် ရမှတ် (၈၂)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေပြီး ဒုတိယနေရာမှ မန်စီးတီးအသင်း(၅၇ မှတ်)ကို (၂၅)မှတ်အထိ ဖြတ်ထားသည်။ 

ဂျိုးဂိုးမက်ဇ်က "ကျွန်တော်တို့အနေနဲ့ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတာကြောင့် အရင်ကထက်ပိုပြီး စည်းလုံးနေပါတယ်။ ကစားသမားများအနေနဲ့ (၂)လကျော် ခွဲခွာနေရပြီးမှ ပြန်လည်တွေ့ဆုံရတာဖြစ်လို့ အရမ်းဝမ်းသာနေကြပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ တစ်ဦးချင်း လေ့ကျင့်မှုတွေကိုသာ ပြုလုပ်နိုင်သေးတယ်ဆိုပေမယ့် တစ်သင်းလုံး ဘောလုံးကစားဖို့ စိတ်ဆန္ဒပြင်းပြနေကြပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်မှာ ကျွန်တော်တို့ အရင်ကထက် ပိုကောင်းလာမှာပါ"ဟု ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ် လက်ကျန် (၉)ပွဲတွင် (၂)ပွဲနိုင်ရုံဖြင့် ချန်ပီယံဆုကို ရယူနိုင်မည်ဖြစ်သည်။


READ NEXT
Cancel OK