ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူ အသင်းတွင် လေးလစာချုပ်ဖြင့် အငှားလာ ကစားနေသည့် နိုင်ဂျီးရီးယားဝါရင့်တိုက်စစ် မှူး အီဂါလိုသည် စာချုပ်သက်တမ်းပြည့်မည့် ယခုလကုန်၌ တရုတ် စူပါလိဂ်ကလပ် ရှန် ဟိုင်းရှန်ဟွာအသင်းသို့ ပြန်တော့မည်ဖြစ် ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။
ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူ အသင်းတွင် လေးလစာချုပ်ဖြင့် အငှားလာ ကစားနေသည့် နိုင်ဂျီးရီးယားဝါရင့်တိုက်စစ် မှူး အီဂါလိုသည် စာချုပ်သက်တမ်းပြည့်မည့် ယခုလကုန်၌ တရုတ် စူပါလိဂ်ကလပ် ရှန် ဟိုင်းရှန်ဟွာအသင်းသို့ ပြန်တော့မည်ဖြစ် ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။
ရှန်ဟိုင်းရှင်ဟွာအသင်းသည် မန်ယူအသင်းသို့ အငှားချထားသည့် ဝက်ဖို့ဒ်တိုက် စစ်မှူးဟောင်း အီဂါလိုကို ဇွန်လ (၁) ရက်၌ အသင်းသို့ပြန်လာရန် ညွှန်ကြားထားကြောင်း သိရသည်။
အီဂါလိုနှင့် မန်ယူအသင်း၏ အငှားစာချုပ်သက်တမ်းမှာ မေ (၃၁) တွင် ကုန်ဆုံးမည်ဖြစ်ပြီး မန်ယူအသင်းက နောက်ထပ် သုံးလ အငှားထပ်ချပေးရန်တောင်းဆိုခဲ့ သော်လည်း ရှန်ဟိုင်းရှင်ဟွာအသင်းက ပယ်ချခဲ့သည်။
မန်ယူအသင်းသည် အီဂါလိုကို ပေါင် (၃)သန်းပေးကာ ငှားရမ်းခဲ့ရခြင်းဖြစ်ပြီး စုစုပေါင်းပြိုင်ပွဲစုံ (၈)ပွဲသာ အသုံးပြုနိုင်ခဲ့သော်လည်း အသင်းအတွက် (၄) ဂိုး သွင်းယူပေးထားသည်။
ရှန်ဟိုင်းရှင်ဟွာအသင်း သည် အီဂါလိုကို စာချုပ်သက်တမ်းတိုးသွားရန် ပြင်ဆင်နေပြီး လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁)ရက်အထိ သက်တမ်းရှိမည့်စာချုပ်သစ်အတွက် တစ်ပတ်ပေါင် (၄)သိန်း ပေးချေမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
