ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေမှာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွင် Negative ရလဒ် ထွက်ခဲ့သော်လည်း Quarantine ကာလတွင် ဗိုင်းရပ်စ်လက္ခဏာများ ခံစားခဲ့ရသည်ဟု အသင်းဖော်ဖြစ်သူ အာဂျင်တီးနားဂိုးသမား ကာဘယ်လာရိုက ဖွင့်ဟခဲ့သည်။
ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေမှာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွင် Negative ရလဒ် ထွက်ခဲ့သော်လည်း Quarantine ကာလတွင် ဗိုင်းရပ်စ်လက္ခဏာများ ခံစားခဲ့ရသည်ဟု အသင်းဖော်ဖြစ်သူ အာဂျင်တီးနားဂိုးသမား ကာဘယ်လာရိုက ဖွင့်ဟခဲ့သည်။
ကွန်တေသည် ဗိုင်းရပ်စ်ကူးစက်ခံရမည်ကို စိုးရိမ်ကြောက်ရွံ့သဖြင့် လေ့ကျင့်ကွင်းနှင့် ဝေးရာတွင်နေမည့်ဆုံးဖြတ်ချက်ကို ကာဘယ်လာရိုက သူ့အနေဖြင့်ထောက်ခံကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်အပတ်က အသင်းနှင့်လာရောက်ပူးပေါင်းခဲ့သည့် ကွန်တေကို ချယ်လ်ဆီးအသင်းက လေ့ကျင့်ခန်းမဆင်းရန် ခွင့်ပြုထားပြီး နည်းပြ လမ်းပတ်မှလည်း ယခုရာသီကုန်အထိ အသင်းနှင့်ပူးပေါင်းစရာမလိုကြောင်း ခွင့်ပေးထားသည်။
ကွန်တေသည် ယခင်က နှလုံးရောဂါပြဿနာများရှိခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သည့်နှစ်နှစ်ခန့်က အသင်း၏ Cobham လေ့ကျင့်ရေးကွင်းရှိ အဝတ်အစားလဲခန်းတွင် ကွန်တေမှာ လဲကျခဲ့ဖူးပြီး သူ၏ညီဖြစ်သူမှာလည်း ၂၀၁၈ ခုနှစ်အတွင်းက ပြင်သစ်အသင်း ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဗိုလ်မစွဲမီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် Heart Attack ဖြင့် ကွယ်လွန်သွားခဲ့သည်။
"ဒါကို အရမ်း နားလည်ပါတယ်။ သူ(ကွန်တေ)ဟာ Negative ရလဒ်ထွက်ခဲ့ပေမယ့် Quarantine ကာ လတွေမှာ ဗိုင်းရပ်စ်လက္ခဏာခံစားခဲ့ရပြီး ဆိုးရွားတဲ့အချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ရတယ်။ ဒါဟာ သူ့ကို အကြောက်တရား ပေးခဲ့တာပါ။ ကျွန်တော်တို့ သူ့ကို လေးစားပါ တယ်။ သူ သက်သောင့်သက်သာဖြစ်တဲ့အချိန် အထိ ကျွန်တော်တို့ စောင့်နေမှာပါ"ဟု ကာ ဘယ်လာရိုက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
