Top News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရားစွဲဆိုခံရနိုင်မှုအတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ် ဆွေးနွေးမည်ဖြစ်ပြီး ကစားသမား အနည်းဆုံး ခုနစ်ဦး အသင်းနှင့်လေ့ကျင့်ခန်းဆင်းရန် ငြင်းဆန်
24htopnews | December 12, 2024 4:12 PM CST

ကလပ်အသင်းအမှုဆောင်တစ်ဦးက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကစားသမားတစ်ဦး သေဆုံးခဲ့လျှင် လူသေမှုစွဲချက်ဖြင့် တရားရင်ဆိုင် ရနိုင်သည့်အခြေအနေနှင့်ပတ်သက်ပြီး သတိပေးခဲ့ခြင်းလည်းဖြစ်သည်။ လက်ရှိတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြန်လည်စတင်နိုင် ရန် လုပ်ငန်းအဆင့်ဆင့်ကို လုပ်ဆောင်နေ ပြီး လာမည့်ဇွန်လလယ်တွင် ပြန်ကစားဖွယ် ရှိနေသည်။ 

ဦး သေဆုံးခဲ့လျှင် လူသေမှုဖြင့် တရားစွဲ ဆိုခံရနိုင်မည့်အခြေအနေအတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေဖြင့် ဆွေးနွေးမှုများ ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ ပရီးမီးယားလိဂ်ကလပ်အသင်းများ သည် Project Restart အစီအစဉ်များ၏ ဂယက်ရိုက်ခတ်မှုများပေါ်တွင် စိတ်ချရမည့် အာမခံချက်ကို ရှာဖွေနေခြင်းဖြစ်သည်။ 

ကလပ်အသင်းအမှုဆောင်တစ်ဦးက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကစားသမားတစ်ဦး သေဆုံးခဲ့လျှင် လူသေမှုစွဲချက်ဖြင့် တရားရင်ဆိုင် ရနိုင်သည့်အခြေအနေနှင့်ပတ်သက်ပြီး သတိပေးခဲ့ခြင်းလည်းဖြစ်သည်။ လက်ရှိတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြန်လည်စတင်နိုင် ရန် လုပ်ငန်းအဆင့်ဆင့်ကို လုပ်ဆောင်နေ ပြီး လာမည့်ဇွန်လလယ်တွင် ပြန်ကစားဖွယ် ရှိနေသည်။ 

ကလပ်အသင်းများသည် အသင်းအဖွဲ့ဝင်အချို့ ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် Quarantine ဝင်ရလျှင် မည်သို့ဖြစ်ပျက်မည်နှင့် အသင်း၏ပွဲစဉ်များကို ရွှေ့ဆိုင်းခြင်း ရှိ၊ မရှိစသည့် အခြေ အနေများကို ရှင်းရှင်းလင်းလင်း သိလိုနေ ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အမည်မဖာ်ပြထားသည့် ကလပ်အသင်းအမှုဆောင်ချုပ်တစ်ဦးကလည်း ကစားသမားတစ်ဦးသာ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့လျှင် အနာဂတ် တွင် ပြင်းထန်သောဖြစ်နိုင်ခြေများကို တင်ပြ ခဲ့ပြီး ကလပ်အသင်းဒါရိုက်တာများအနေဖြင့် လူကိုသေစေမှုစွဲချက်နှင့် တရားစွဲဆိုခြင်းများ ရင်ဆိုင်ရနိုင်ကြောင်းလည်း အဆိုပါပုဂ္ဂိုလ်က ထောက်ပြခဲ့သည်။ 

လက်ရှိတွင် ပရီးမီးယား လိဂ်ကလပ်အသင်းများမှာ လေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နေပြီး ယင်းသို့လေ့ကျင့်ခန်းဆင်းရာတွင် ကစားသမားတစ်ဦးသာ ဗိုင်းရပ်စ်စစ်ဆေးမှု၌ Positive ထွက်ပေါ်ခဲ့လျှင် အသင်းရှိ ကျန်ကစားသမားများနှင့် နည်းပြ အဖွဲ့ဝင်များကို မည်သို့ထားရှိမည်ဆိုသည့် အခြေအနေကိုလည်း ရှင်းရှင်းလင်းလင်း သိရှိလိုနေကြောင်း သိရသည်။

လက်ရှိတွင် ဗိုင်းရပ်စ်ကူးစက်ခံရမည် ကို စိုးရိမ်သဖြင့် ကလပ်အသင်းနှင့် လေ့ကျင့် ခန်းဆင်းရန် ငြင်းဆန်ထားသည့် BAME (လူမည်း၊ အာရှသားနှင့် အနည်းငယ်သာရှိ သည့် လူမျိုးစုဝင်များ) ကစားသမား အနည်း ဆုံး ခုနစ်ဦးက လေ့ကျင့်ခန်းဆင်းရန် ငြင်းဆန်ထားကြောင်း သိရသည်။ လက်ရှိတွင် ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေနှင့် ဝက်ဖို့ဒ်တိုက်စစ်မှူး ဒီးနီတို့မှာ စိုးရိမ်ကြောက်ရွံ့မှုများကြောင့် အသင်းနှင့်လေ့ကျင့်ခန်းမဆင်း ရန် ဆုံးဖြတ်ထားသည့် BAME ကစားသမား များလည်းဖြစ်သည်။ မှတ်တမ်းများအရ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းသည် လူမည်းများ မှာ လူဖြူများထက် နှစ်ဆနီးပါးများပြားနေ ကြောင်း သိရသည်။


READ NEXT
Cancel OK