Top News

ဒေါ့မွန်၊ အေဂျက်စ်အသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပါက လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများကို ဦးစားပေးလုပ်ဆောင်ရန် MFF စီစဉ်ထား
24htopnews | December 12, 2024 4:12 PM CST

MFF  သည် ၂၀၁၁ ခုနှစ်တွင် ပထမဆုံး အကယ်ဒမီအဖြစ် မြန်မာဘောလုံးအကယ် ဒမီ (မန္တလေး) ကို စတင်ဖွင့်လှစ်ခဲ့ပြီး ယင်း နောက်ပိုင်းတွင် မြန်မာဘောလုံးအကယ်ဒမီ (ပုသိမ်) နှင့် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) တို့ကို ဆက်လက်ဖွင့်လှစ်ခဲ့သည်။ MFF  သည် အကယ်ဒမီများအတွက် နိုင်ငံခြား သားနည်းပြများကို ခန့်အပ်ခဲ့သလို နောက်ပိုင်း တွင် ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ၏အကူအညီဖြင့် ဂျပန်နည်းပြများကို တာဝန်ပေးအပ် ခဲ့သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF ) သည် ဂျာမနီထိပ်သီးကလပ် ဒေါ့မွန်အသင်း၊ နယ်သာလန်ထိပ်သီးကလပ် အေဂျက်စ် အသင်းတို့နှင့် မိတ်ဖက်ပြုလုပ်ရန် ညှိနှိုင်းလျက်ရှိပြီး ပူးပေါင်းဆောင်ရွက်ဖြစ်ပါက လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများကို ဦးစားပေးလုပ် ဆောင်မည်ဖြစ်ကြောင်း သိရသည်။ 

MFF  သည် ဥရောပထိပ်သီးကလပ် အသင်းအချို့နှင့် မိတ်ဖက်ပြုလုပ်ရန် ဆောင် ရွက်နေပြီး မေ ၂၅ ရက်က ပြုလုပ်သည့် နည်း စနစ်ကော်မတီအစည်းအဝေးတွင် ယင်းကိစ္စအတွက် ထည့်သွင်းဆွေးနွေးခဲ့သည်။ "လူငယ် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဥရောပထိပ်သီး ကလပ်အသင်းတချို့နဲ့ ညှိနှိုင်းထားပါတယ်။ သူတို့နဲ့ မိတ်ဖက်ဆောင်ရွက်နိုင်ရင် ရလာနိုင် တာတွေရော၊ ကုန်ကျစရိတ်တွေပါ နည်းစနစ် ကော်မတီအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ ကုန်ကျစရိတ်ကတော့ များပါတယ်။ ဒါပေမဲ့ လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက်တော့ အထောက်အကူ အများကြီးရှိပါတယ်။ ဘောလုံးအကယ်ဒမီ တွေကို သူတို့ရဲ့အစီအမံ ဆောင်ရွက်သွားမှာဖြစ်ပြီး ကျွန်တော်တို့ အ တွက်လည်း အကျိုးရှိနိုင်ပါတယ်။ ငွေကြေး ကုန်ကျမှုတွေရော၊ ရရှိနိုင်မယ့် အကျိုးကျေးဇူး အတွက်ပါ သေချာညှိနှိုင်းပြီး သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်သွားမှာပါ" ဟု MFF  အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားခဲ့သည်။ 

MFF  သည် ၂၀၁၁ ခုနှစ်တွင် ပထမဆုံး အကယ်ဒမီအဖြစ် မြန်မာဘောလုံးအကယ် ဒမီ (မန္တလေး) ကို စတင်ဖွင့်လှစ်ခဲ့ပြီး ယင်း နောက်ပိုင်းတွင် မြန်မာဘောလုံးအကယ်ဒမီ (ပုသိမ်) နှင့် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) တို့ကို ဆက်လက်ဖွင့်လှစ်ခဲ့သည်။ MFF  သည် အကယ်ဒမီများအတွက် နိုင်ငံခြား သားနည်းပြများကို ခန့်အပ်ခဲ့သလို နောက်ပိုင်း တွင် ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ၏အကူအညီဖြင့် ဂျပန်နည်းပြများကို တာဝန်ပေးအပ် ခဲ့သည်။ MFF  သည် ပြီးခဲ့သည့်ရက်ပိုင်းက နည်းစနစ်ဒါရိုက်တာ အဲရစ်အာဗရန်နှင့် လမ်းခွဲခဲ့သောကြောင့် လူငယ်ဖွံ့ဖြိုးရေးအပါ အဝင် ဘောလုံးအကယ်ဒမီအတွက် ပြန်လည် ဆောင်ရွက်နေခြင်းဖြစ်သည်။ 

MFF  လက်အောက်တွင် ဘောလုံး အကယ်ဒမီသုံးခု တည်ထောင်ထားပြီး ယခုနှစ်တွင် ဆောင်ရွက်မည့်အစီအစဉ်များကို ပြန်လည်အတည်ပြုမည်ဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ်အခြေအနေကြောင့် အကယ်ဒမီ ကျောင်းများကို ပိတ်ထားပြီး ရောဂါအခြေ အနေတည်ငြိမ်သွားမှသာ ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်မည်ဖြစ်သည်။ 


READ NEXT
Cancel OK