Top News

မန်စီးတီးအသင်းလေ့ကျင့်ရေးကွင်းသို့ ပြန်လာရသည့်အတွက် ပျော်ရွှင်မိသည်ဟု ဂွါဒီယိုလာ ဝန်ခံခဲ့ပြီး ပရိသတ်များကို ဘေးကင်းလုံခြုံစွာနေထိုင်ရန်လည်း တိုက်တွန်း
24htopnews | December 12, 2024 4:12 PM CST

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်ကုန်ပိုင်းက အုပ်စုငယ်များဖြင့် လေ့ကျင့်ခန်းစဆင်းခဲ့သည်။ ဂွါဒီယိုလာမှာ MASK တပ်ကာ ခွဲစိတ်ခန်းသုံးလက်အိတ်များဝတ်ဆင်ထားပြီး ကစားသမားများ၏လေ့ကျင့်မှုကို စောင့်ကြည့်ခဲ့ကြောင်း သိရသည်။ မန်စီးတီးအသင်း၏လေ့ကျင့်ရေးတွင် ဒဏ်ရာမှ ပြန်ကောင်းလာသည့် လာပေါ့တ်၊ ဆာနေး တို့မှာလည်း ပါဝင်လာပြီး ယင်းကစားသမား များမှာ ပုံစံကောင်းဖြင့် ပြန်လာနိုင်သည်ဟုလည်း ဂွါဒီယိုလာက မှတ်ချက်ပြုသွားခဲ့သည်။ 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက  အသင်းလေ့ကျင့်ရေးကွင်းသို့ ပြန်လာရသည့် အတွက် ပျော်ရွှင်မိကြောင်း ပြောကြားခဲ့ပြီး အသင်းပရိသတ်များကို ဘေးကင်းလုံခြုံစွာ နေထိုင်ရန်လည်း တိုက်တွန်းခဲ့သည်။

မန်စီးတီးကစားသမားများသည် ပြီးခဲ့သည့်အပတ်က အသင်းလေ့ကျင့်ရေးကွင်း Etihad Campus သို့ ပြန်လည်ရောက်ရှိလာပြီး ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ "ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေအားလုံး ဘောလုံးပွဲတွေပြန်လာမယ့်အချိန်ကို စောင့်ဆိုင်းနေကြပါတယ်။  ကျွန်တော်တို့လည်း ပြန်ကစားချင်ပါတယ်။  ဒါပေမဲ့ အခုချိန်မှာ ဦးစားပေးရမယ့် တခြား အရာတွေဖြစ်ပါတယ်။ သတင်းစကားပါးလိုတာက ဘေးကင်းလုံခြုံစွာနေပါ။ မိမိကိုယ် ကို ဂရုစိုက်ကြစေလိုပါတယ်။ ဘောလုံးပွဲတွေ ပြန်လာတဲ့အချိန်မှာ အရာအားလုံးက ဖြစ်နိုင်ပါတယ်။ ပထမတော့ ပရိသတ်တွေမပါဘဲ ကစားရမယ့်အကြောင်း ကျွန်တော် တွေးပါတယ်။ ပြီးတော့ ပုံမှန်အခြေအနေပြန်ရောက်ဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ အခု ချိန်မှာတော့ အရေးကြီးဆုံးအရာက လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဖို့ပါပဲ။ Mask သုံး ဖို့၊ အိမ်မှာနေထိုင်ဖို့၊ Social Distancing ကို လိုက်နာဖို့စတဲ့ ညွှန်ကြားချက်တွေအတိုင်း ကျွန်တော်တို့ လုပ်ဆောင်ရမယ်။ NHS က လူတွေဟာ ကျွန်တော်တို့ရဲ့အသက်တွေကို ကယ်တင်ဖို့ သူတို့အသက်တွေနဲ့ရင်းထားရတာပါ။ သူတို့လုပ်ဆောင်ခဲ့တဲ့အရာတွေက မယုံနိုင်စရာကောင်းလွန်းပါတယ်။ ကျွန်တော်တို့ သူတို့ချမှတ်ထားတဲ့ လမ်းစဉ်တွေနောက်ကို လိုက်ရမယ်။ အခုချိန်က ကျွန်တော်တို့အ နေနဲ့ ဘာအမှားမှ လုပ်ဆောင်လို့တော့ မရပါဘူး" ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။  

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်ကုန်ပိုင်းက အုပ်စုငယ်များဖြင့် လေ့ကျင့်ခန်းစဆင်းခဲ့သည်။ ဂွါဒီယိုလာမှာ MASK တပ်ကာ ခွဲစိတ်ခန်းသုံးလက်အိတ်များဝတ်ဆင်ထားပြီး ကစားသမားများ၏လေ့ကျင့်မှုကို စောင့်ကြည့်ခဲ့ကြောင်း သိရသည်။ မန်စီးတီးအသင်း၏လေ့ကျင့်ရေးတွင် ဒဏ်ရာမှ ပြန်ကောင်းလာသည့် လာပေါ့တ်၊ ဆာနေး တို့မှာလည်း ပါဝင်လာပြီး ယင်းကစားသမား များမှာ ပုံစံကောင်းဖြင့် ပြန်လာနိုင်သည်ဟုလည်း ဂွါဒီယိုလာက မှတ်ချက်ပြုသွားခဲ့သည်။ 

ဗိုင်းရပ်စ်ကပ်ဘေးကာလတွင် အသက် ၈၂ နှစ်အရွယ်ရှိ ဂွါဒီယိုလာ၏မိခင်ဖြစ်သူ ဒိုလာစ်ဆာလာကာရီယိုမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြီးခဲ့သည့်ဧပြီလအတွင်း ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ ဂွါဒီယိုလာသည် သူ၏ မွေးရပ်မြေ ဘာစီလိုနာမြို့ရှိဆေးရုံအတွက် ဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ယူရို တစ်သန်း လှူဒါန်းခဲ့သည်။

READ NEXT
Cancel OK