Top News

ဖူဆယ်အမျိုးသားအသင်းနည်းပြချုပ်သစ် ဗစ်တာဟာမန်စ်ကို ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲအပြီးထိ စာချုပ်ချုပ်ဆိုရန် MFF စီစဉ်ထား
24htopnews | December 12, 2024 4:12 PM CST

"ဖူဆယ်လက်ရွေးစင် အမျိုးသားအသင်းနည်းပြချုပ် ဗစ်တာဟာ မန်စ်ကို ခန့်အပ်ဖို့ သဘောတူညီမှုရထားပြီး ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စာချုပ် ချုပ်ဆိုဖို့ ကြန့်ကြာနေတာဖြစ်ပါတယ်။ သူ့ကို တစ်နှစ်စာချုပ်ဖို့ စီစဉ်ထားပေမယ့် လာမယ့်နှစ်မှာ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ ရှိတာကြောင့် ဆီးဂိမ်းစ်ပြိုင်ပွဲအပြီးထိ တာဝန်ပေးသွားဖို့ စီစဉ်ထားပါတယ်။ သူနဲ့ ညှိနှိုင်းပြီးမှ စာချုပ်သက်တမ်းကို  အတည်ပြုသွားမှာပါ" ဟု MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသား အသင်းနည်းပြချုပ်အဖြစ် ခန့်အပ်မည့် နယ်သာလန်နိုင်ငံသား ဗစ်တာဟာမန်စ်ကို ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအပြီးထိ စာချုပ် ချုပ်ဆိုသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

MFF သည် ဗစ်တာဟာမန်စ်ကို ခန့်အပ်ရန် သဘောတူညီမှုရထားပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပြီးသတ်စာချုပ် ချုပ်ဆိုရန် ကြန့်ကြာနေခြင်းဖြစ်သည်။ "ဖူဆယ်လက်ရွေးစင် အမျိုးသားအသင်းနည်းပြချုပ် ဗစ်တာဟာ မန်စ်ကို ခန့်အပ်ဖို့ သဘောတူညီမှုရထားပြီး ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စာချုပ် ချုပ်ဆိုဖို့ ကြန့်ကြာနေတာဖြစ်ပါတယ်။ သူ့ကို တစ်နှစ်စာချုပ်ဖို့ စီစဉ်ထားပေမယ့် လာမယ့်နှစ်မှာ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ ရှိတာကြောင့် ဆီးဂိမ်းစ်ပြိုင်ပွဲအပြီးထိ တာဝန်ပေးသွားဖို့ စီစဉ်ထားပါတယ်။ သူနဲ့ ညှိနှိုင်းပြီးမှ စာချုပ်သက်တမ်းကို  အတည်ပြုသွားမှာပါ" ဟု MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားခဲ့သည်။

ဗစ်တာဟာမန်စ်သည် နယ်သာလန် ဖူဆယ်လက်ရွေးစင်ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်တွင် နည်းပြ အဖြစ် ပြောင်းလဲခဲ့သူဖြစ်သည်။ ၎င်းသည် နည်းပြဘဝတွင် အရှေ့တောင်အာရှ လက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ဖူးသလို နာမည်ကြီးအသင်းများကိုလည်း ကိုင်တွယ်ခဲ့ဖူးသောကြောင့် MFF က မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အရှေ့တောင်အာရှအသင်း များအနက် မလေးရှား (၁၉၉၆ ခုနှစ်)၊ ထိုင်း (၂၀၁၂-၂၀၁၆ ခုနှစ်)၊ အင်ဒိုနီးရှား (၂၀၁၇-၂၀၁၈ ခုနှစ်)တို့ကို ကိုင်တွယ်ခဲ့ဖူးပြီး အီရန်၊ နယ်သာလန်၊ မော်လ်တာအသင်း တို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးကြောင်း သိရသည်။


READ NEXT
Cancel OK