ဒီဇင်ဘာ ၁၄ ရက်က COVID-19 အတည်ပြုလူနာ သုံးဦိးတွေ့ရှိခဲ့ပြီးနောက် မိတ္ထီလာမြို့ ပြည်သာယာ မြောက်ရပ်ကွက် (ဃ) နယ်မြေ မြင်းခြံလမ်းဘေးရှိ အိမ်ခြေ ၄၃ အိမ် မှ လူ ၂၃၀ ဝန်းကျင်ကို Lockdown ချထားကြောင်း လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များထံမှ သိရသည်။
“လက်ရှိ ပြည်သာယာမြောက်ကမ်း (ဃ) နယ်မြေထဲမှာနေတဲ့ ကားသမား တစ်ယောက်က ကလောမြို့နယ် နမ့်ပန်တက်မှာ Test Kit စစ်ရင်းနဲ့ COVID-19 ပိုးတွေ့လာတယ်။ အဲဒီနောက်မှာ ကားသမားရဲ့ ထိစပ်အဖြစ် သူ့မိသားစု ခြောက်ယောက်ကို မိတ္ထီလာတက္ကသိုလ် Quarantine မှာ ပို့ထားတယ်။ Quarantine ပို့ထားတဲ့အထဲက အဖေရယ် အမေရယ် ညီရယ်မှာ မနေ့က COVID-19 ပိုး ထပ်တွေ့တယ်။ အဲဒီသုံးယောက်မှာ ပိုးတွေ့တွေ့ချင်းမှာ သူတို့နဲ့ထိစပ် ရှစ်ယောက် ထပ်ကောက်ပြီးတော့ အခုထပ်များလာမှာ စိုးရိမ်တဲ့အတွက် ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးက ဒီဘလောက်ကို Lockdown ချလိုက်တယ်။ ဒီ Lockdown ချထားတဲ့ ဘလောက်ထဲမှာ အသက်ကြီးတဲ့ အဘိုးအဘွားတွေ ကလေးငယ်တွေ ကိုယ်ဝန်ဆောင်တွေ ပါတယ်။ သူတို့ရဲ့ကျန်းမာရေး အခက်အခဲတွေ စားသောက်ရေးတွေကို ဝယ်ခြမ်းဖို့ကို ကျွန်တော်တို့အသင်းက လက်ရှိ အကူအညီပေးနေတယ်။ ဒီနေ့ မနက်ခင်းကျတော့ စားဖို့ ထွက်ဝယ်ဖို့ ပြဿနာရှိတဲ့အခါကျတော့ ကျွန်တော်တို့ အသင်းလူငယ်တွေက PPE Level 2 ဝတ်ပြီး သူတို့မှာတဲ့ စာရင်းယူ၊ ဒီနားမှာရှိတဲ့စျေးက သွားဝယ်ပေးတယ်။ COVID-19 အတည်ပြု သုံးယောက် တွေ့တဲ့အချိန်ကစပြီး ကျွန်တော်တို့အသင်းက ဒီရောက်လာပြီး ထိစပ် ကောက်စရာရှိတာ ကောက်။ မနေ့ညက ၁၀ နာရီလောက်ထိ ထိစပ်တွေ ကောက်ပြီး Quarantine ပို့ပေးနေရတယ်။ အဲဒီနောက်မှာ လက်ရှိ သက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ ပြည်သာယာ လူငယ်လူမှုရေးအသင်းက နှစ်နေရာခွဲပြီး ကား လေးစီး၊ အင်အား ၁၂ ယောက်လောက်နဲ့ Lockdown နေရာမှာ လိုအပ်တဲ့ဟာတွေ ကူညီဆောင်ရွက်ပေးနေပါတယ်” ဟု မိတ္ထီလာမြို့ ပြည်သာယာ လူငယ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသူရလွင်ဦးက ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပြောကြားသည်။
အောက်တိုဘာလအတွင်းက မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် နယ်မြေ (၈) တွင် ရာအိမ်မှူး အပါအဝင် လူ ၁၀ ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့သဖြင့် အောင်ဇေယျာရပ်ကွက် နယ်မြေ (၈) အတွင်းရှိ အိမ်ခြေ ၈၀၊ လူဦးရေ ၃၄၀ ကျော်ကို Lockdown ချထားခဲ့ရပြီး နယ်မြေ (၈) အနီးနားရှိ ပုလဲစျေးကိုလည်း ခေတ္တပိတ်ခဲ့ကာ နိုဝင်ဘာ ၆ ရက်တွင် Lockdown ဖြေလျှော့ပေးခဲ့ပြီး ရက်ပိုင်းအကြာတွင် မိတ္ထီလာမြို့နှင့် ၂၅ မိုင်ခန့် ကွာဝေးသော ရေဝေကျေးရွာအုပ်စု ထန်းတောကျေးရွာမှ မန္တလေးပြန် အမျိုးသားတစ်ဦးမှစကာ COVID-19 အတည်ပြုလူနာ ၁၆ ဦး တွေ့ရှိခဲ့ရသောကြောင့် ထန်းတောကျေးရွာမှ အိမ်ခြေ ၇၅ အိမ်၊ လူဦးရေ ၄၀၀ ကျော်အား Lockdown ချထားခဲ့ရကာ အလှူရှင်များက စားဝတ်နေရေးအတွက် ထောက်ပံပေးခဲ့ရကြောင်း သိရပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ထန်းတောကျေးရွာကို Lockdown ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၉ ရက်က မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် Quarantine Center နှင့် ရေဝေကျေးရွာ Quarantine Center တို့မှ လူလေးဦး COVID-19 ပိုး စတင်တွေ့ရှိခဲ့ရပြီးနောက် ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းအထိ မိတ္ထီလာမြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ရဟန်းသာမဏေများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်မောင်း ယာဉ်နောက်လိုက်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် စုစုပေါင်း COVID-19 အတည်ပြုလူနာ ၁၈၆ ဦး တက်ရောက်ကုသခဲ့ရပြီး ရောဂါသက်သာ ပျောက်ကင်းသဖြင့် ၁၇၁ ဦး ဆေးရုံ ဆင်းခွင့်ရရှိခဲ့ကာ ရောဂါအခံကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်းနှင့် ဆေးရုံတက်ရောက် ကုသနေရဆဲ အမျိုးသား ကိုးဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၁၄ ဦးရှိကြောင်း မိတ္ထီလာမြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
