COVID-19 ရောဂါ ကူးစက်ခံရသူများလာ၍ Lockdown ပြုလုပ်ထားသော ပဲခူးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းတွင် ဒီဇင်ဘာ ၁၅ ရက်နေ့ စာရင်းထုတ်ပြန်ချက်အရ ရဲဝန်ထမ်း ၂ ဦးနှင့် နှင့် အချုပ်သား ၁၇ ဦး COVID-19 ရောဂါ ထပ်မံကူးစက်ခံခဲ့ရကြောင်း သိရသည်။
ပဲခူးမြို့ရှိ အမှတ် ၂ နယ်မြေရဲစခန်း၌ ဒီဇင်ဘာ ၁၀ ရက်က အချုပ်သား ၆ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက် ပျံ့နံမှုကို တားဆီးနိုင်ရေးအတွက် စခန်းအား Lockdown ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အခြားဝန်ထမ်းများနှင့် အချုပ်သားများကိုပါ ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အချုပ်သား ၁၇ ဦးနှင့် ရဲဝန်ထမ်း ၂ ဦးတို့တွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အစတည်းကတော့ ကြိုပြောထားပြီးသားပေါ့၊ အကျဉ်းထောင်တွေ အချုပ်ခန်းတွေမှာ ရောဂါကူးစက်မှုတွေ များလာမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ပြောထားတာ ရှိပါတယ်၊ အခုစခန်းမှာတွေ့တာက ညမထွက်အရအမိန့်နဲ့ လိုက်ဖမ်းတဲ့ထဲက တစ်ယောက်ပါတယ်၊ ကျန်တာက Quarantine ဝင်နေတဲ့ သူတွေထဲကပေါ့ ပိုးတွေ့တဲ့သူတွေကို ကုသရေးပို့မယ်၊ Negative တွေကိုတော့ စနစ်တကျ နေထိုင်ဖို့ပြောတယ်၊ Lockdown ကာလက ၂၆ ရက်နေ့ထိပေါ့” ဟု ပဲခူးခရိုင် ကျန်းမာရေးမှူး ဒေါက်တာသီဟက ပြောကြားသည်။
ပဲခူးမြို့ အမှတ် ၂ နယ်မြေရဲစခန်းတွင် လက်ရှိအချိန်ထိ COVID-19 ကူးစက်ခံရသူ ၂၆ ဦးထိရှိနေပြီး စခန်းနှင့် ပတ်သက်သော လုပ်ငန်းတာဝန်များကို အမှတ် ၃ နယ်မြေရဲစခန်းမှ ယာယီဆောင်ရွက်နေကြောင်း သိရကာ ပဲခူးမြို့ရှိ အမှတ် ၂ စခန်းအပြင် ပဲခူးမြို့မ ရဲစခန်းတွင်လည်း ဒီဇင်ဘာ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ အချုပ်သား ၁၂ ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
