WTI ရေနံစျေးသည် ဒီဇင်ဘာ ၁၆ ရက်တွင် တစ်စည် ၄၇ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ တစ်လကျော်အတွင်း တစ်လီတာ ကျပ် ၁၁၀ စီ ဆက်လက်မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၁ ရက်နှင့် ဒီဇင်ဘာ ၁၆ ရက် စက်သုံးဆီစျေးနှုန်းများကို နှိုင်းယှဉ်ပါက တစ်လီတာ ကျပ် ၁၁၀ စီ ပြန်လည်မြင့်တက် ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၆၄၅ ကျပ် (တစ်ဂါလန် ၂၉၃၂ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၆၅၅ ကျပ် (တစ်ဂါလန် ၂၉၇၇ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၀၅ ကျပ် (တစ်ဂါလန် ၂၇၅၀ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ၇၁၅ ကျပ် (တစ်ဂါလန် ၃၂၅၀ ကျပ်) ဖြစ်သည်။
WTI ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာ အထိ မြင့်တက်ခဲ့ပြီးနောက် ရေနံစျေးနှုန်း များပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိရောက် ခဲ့သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက် တွင် ၅၁ ဒေါ်လာအထိ ကျ ဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အထက် ပြန်ရောက်ခဲ့ကာ သြဂုတ် ၇ ရက် တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက် တင်ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင် အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက် တွင် ၆၂ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နို ဝင်ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာ၊ ဇန်နဝါရီ ၈ ရက် တွင် ၆၃ ဒေါ်လာ၊ ဇန်နဝါရီ ၁၅ ရက်တွင် ၅၇ ဒေါ်လာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၅၃ ဒေါ်လာ၊ မတ် ၇ ရက်တွင် ၄၁ ဒေါ်လာရှိ ခဲ့သည်။ မတ် ၁၈ ရက်တွင် ဒေါ်လာ ၂၀ ဝန်း ကျင်၊ ဧပြီ ၂၀ ရက်တွင် သုညဒေါ်လာ အောက်အထိ ကျဆင်းခဲ့နောက် ပြန်တက်ခဲ့ရာ ဒီဇင်ဘာ ၁၆ ရက်တွင် ၄၇ ဒေါ်လာဝန်း ကျင်ဖြစ်ပေါ်ခဲ့သည်။
ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လ မှ အောက်တိုဘာအထိ လေးလကျော် အ တွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာ ခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီ တာ စံချိန်တင်စျေးနှုန်းများ အနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ် အ ထိဖြစ်ပေါ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစ၍ မေလအထိ ကမ္ဘာ့ရေနံစျေး ထိုးဆင်းမှုကြောင့် ပြည်တွင်းစျေးကွက်လည်း စက်သုံးဆီစျေးများ လိုက်ပါကျဆင်းခဲ့ပြီး မေ ၁ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင် အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၄၃၅ ကျပ် (တစ်ဂါလန် ၁၉၇၇ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၄၄၅ ကျပ် (တစ်ဂါလန် ၂၀၂၂ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၃၀၀ ကျပ် (တစ်ဂါလန် ၁၃၆၃ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၄၃၅ ကျပ် (တစ်ဂါ လန် ၁၉၇၇ ကျပ်) ဖြစ်သည်။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှ လက်ရှိအ ချိန်အထိဖြစ်ပေါ်ခဲ့သော ပြည်တွင်းစက်သုံး ဆီစျေးနှုန်း အတက်အကျများမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ ကျပ် ၁၀ မှ ၃၅ ကျပ်အထိ၊ နိုဝင် ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ်အထိမြင့်တက်ခဲ့ပြီး နို ဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့သည်။
ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်န ၀ါရီ ၉ ရက်အတွင်း တစ်လီတာ ကျပ် ၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှ မေ ၁ ရက်အတွင်း တစ်လီတာ ၅၅၀ ကျပ်မှ ၆၀၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ မေ ၆ ရက်မှ သြဂုတ် ၁၄ ရက်အတွင်း တစ်လီတာ ၁၅၅ ကျပ်မှ ကျပ် ၂၄၀ အထိ ပြန်တက်ခဲ့ပြီး သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အတွင်း တစ်လီတာ ၁၅ ကျပ်ပြန်ကျခဲ့ကာ သြဂုတ် ၂၇ ရက်တွင် တစ်လီတာ ကျပ် ၁၀ ပြန်လည် မြင့်တက်ခဲ့သည်။ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း တစ်လီတာ ကျပ် ၂၀၊ စက်တင် ဘာ ၁၁ ရက်မှ နိုဝင်ဘာ ၄ ရက်အတွင်း တစ်လီတာ ကျပ် ၁၀ မှ ကျပ် ၃၀ အထိ ပြန် လည်ကျဆင်းခဲ့ကာ နိုဝင်ဘာ ၁၁ ရက်မှ ဒီ ဇင်ဘာ ၁၆ ရက်အတွင်း တစ်လီတာ ကျပ် ၁၁၀ စီပြန်လည်မြင့်တက် ခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းစျေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
