ပြည်တွင်းလေကြောင်း ခရီးစဉ်အလိုက် COVID-19 ရောဂါ ရှိ မရှိ ဆေးစစ်ချက်ရယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအပြင် တိုင်းဒေသကြီး/ပြည်နယ်များရှိ နေရာ ၂၅ ခုတွင် ဓာတ်ခွဲစစ်ဆေးပေးမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ပြည်တွင်းလေကြောင်းဖြင့် ခရီးသွားလိုသူများ ၃၆ နာရီအတွင်း စစ်ဆေးထားသည့် COVID-19 ကင်းရှင်းကြောင်း စစ်ဆေးချက် လိုမည်ဖြစ်ပြီး ရန်ကုန်မြို့ ဆူးလေဘုရားအနီးရှိ Toursit Burma အဆောက်အအုံနှင့် အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းရှိ ဒေသန္တရဆေးခန်းတွင် စစ်ဆေးနိုင်မည်ဖြစ်သည်။
COVID-19 ရောဂါအခြေအနေများကြောင့် ရပ်နားထားခဲ့သည့် ပြည်တွင်းလေကြောင်းလိုင်းများ၏ ပုံမှန်ခရီးစဉ်ပျံသန်းမှုများကို ဒီဇင်ဘာ ၁၆ ရက်တွင် ပြန်လည်စတင်ခဲ့ရာ အဆိုပါ ပြည်တွင်းလေကြောင်း ခရီးစဉ်များဖြင့် စီးနင်းလိုက်ပါမည့် ခရီးသွားများ အနေဖြင့် ၃၆ နာရီအတွင်း စစ်ဆေးထားသည့် COVID-19 ကင်းရှင်းကြောင်း စစ်ဆေးချက်ရရှိထားမှသာ လေကြောင်း ခရီးစဉ်ဖြင့် လိုက်ပါခွင့်ရရှိမည် ဖြစ်သည်။
ပြည်တွင်းလေကြောင်း ခရီးစဉ်အလိုက် ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဓာတ်ခွဲစစ်ဆေးပေးမည့်နေရာ နှစ်ခု၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာနှစ်ခု၊ ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ပူတာအိုနှင့် ဗန်းမော်မြို့တွင်လည်းကောင်း၊ ကယားပြည်နယ်တွင် နှစ်နေရာ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် သုံးနေရာ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ကျိုင်းတုံနှင့် တာချီလိတ်မြို့များတွင် လည်းကောင်း၊ ကလေးမြို့တွင် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့များတွင် လည်းကောင်း၊ ရခိုင်ပြည်နယ်တွင် စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူ၊ သံတွဲနှင့် အမ်းမြို့များတွင်လည်း COVID-19 ရောဂါရှိ မရှိ ဆေးစစ်ချက် ရယူနိုင်မည်ဖြစ်သည်။
ပြည်တွင်းလေကြောင်းလိုင်းများတွင် ဝန်ဆောင်မှုပေးရမည့် လေယာဉ်မောင်၊ လေယာဉ်မယ်များ အနေဖြင့်လည်း COVID-19 ကင်းရှင်းကြောင်း ဆေးစစ်ချက် ရရှိထားပြီးမှသာ ခရီးစဉ်တွင် လိုက်ပါဝန်ဆောင်မှု ပေးရမည်ဖြစ်ပြီး လေယာဉ်ပေါ်တွင်လည်း Distancing အရ လိုက်နာရမည့် ဆောင်ရွက်ချက်များကို အတိအကျ လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် လေကြောင်းလိုင်းများ အနေဖြင့်လည်း လေကြောင်းခရီးစဉ် ပျံသန်းပြီးသည့် လေယာဉ်များကိုလည်း ခရီးစဉ်တစ်ခု ပြီးဆုံးသည့်အခါတိုင်း လေယာဉ်အား ပိုးသတ်သန့်စင်ခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါမည့် ခရီးသည်များ အနေဖြင့် Stay at Home ဒေသမှလာသော ခရီးသည်များသည် Non Stay at Home ဒေသသို့ ရောက်ရှိပါက Facility Quarantine သို့မဟုတ် Hotel Quarantine ဝင်ရမည်ဖြစ်ကာ ရောက်ရှိသည့်နေ့တွင် Facility Quarantine မလုံလောက်ပါက Hotel Quarantine ကို မိမိစရိတ်ဖြင့် ဝင်ရောက်ရမည်ဖြစ်သည်။ Quarantine ဝင်ရောက်ပြီး သုံးရက်မြောက်နေ့တွင် RT-PCR Test ကို မိမိစရိတ်ဖြင့် စစ်ဆေး၍ ရောဂါပိုး မတွေ့ရှိပါက Quarantine မှ ထွက်နိုင်မည်ဖြစ်သည်။ RT-PCR Test ဖြင့် စစ်ဆေးနိုင်ခြင်း မရှိဘဲ Rapid Antigen Diagnostic Test ဖြင့်သာ စစ်ဆေးပါက Quarantine ကို ခုနစ်ရက်ကြာ ဝင်ရမည်ဖြစ်သည်။
လက်ရှိ ပြည်တွင်းတွင် ပျံသန်းနေသည့် လေကြောင်းလိုင်းများဖြစ်သည့် နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်း၊ Air KBZ၊ Air Thanlwin၊ Mann Yadanarpon၊ Golden Myanmar စသည့် ပြည်တွင်း လေကြောင်းလိုင်း ငါးခုအနက် နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းက ဒီဇင်ဘာ ၁၆ ရက်မှစတင်ကာ ပြည်တွင်း ခရီးစဉ်များကို ပြန်လည်ပျံသန်းမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
