Top News

မြန်မာနိုင်ငံတွင် COVID-19ကာကွယ်ဆေး ရရှိရန် နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်နေပြီး ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ်အတွင်း လူဦးရေ သုံးရာခိုင်နှုန်းစာ ကနဦး စတင်ရောက်ရှိမည်
24htopnews | December 12, 2024 10:12 AM CST

မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးရရှိရန် နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်နေပြီး ၂၀၂၁ ခုနှစ် ဒုတိယသုံး လပတ်အတွင်း လူဦးရေ သုံးရာခိုင်နှုန်းစာ ကနဦး စတင်ရောက်ရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့မှပါမောက္ခဒေါက်တာစောဝင်းက ပြော ကြားသည်။

“ကာကွယ်ဆေးတွေအားလုံးကို ကြည့်လိုက်ရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအ မှတ်ပြုရထားတာ တစ်ခုမှမရှိသေးဘူး။ အခု ရတာက UK တို့၊ US တို့ အရေးပေါ်သုံးဖို့ အတွက် လုပ်ထားတာတွေပဲရှိသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာလည်း FDA ပြန်မှတ်ပုံတင်ရမယ်။ သို့သော် သုံးမယ်ဆို ရင် သုံးလို့ရနိုင်မယ်။ ကျွန်တော်တို့အနေနဲ့ စီစဉ်နေတဲ့ ကာကွယ်ဆေးရနိုင်မယ့် နည်း လမ်းသုံးမျိုးရှိပါတယ်။ တစ်မျိုးကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ GAVI လို့ခေါ်တဲ့ ကာကွယ်ဆေးတွေအမြဲတမ်းကူညီပေးနေတဲ့အဖွဲ့တွေပေါင်းပြီး တည်ထောင်ထားတဲ့ COVAX Facility ။ ဒါကတော့ ကာကွယ် ဆေးထုတ်တဲ့ကုမ္ပဏီတွေလည်း အများကြီး ပါတယ်။ နိုင်ငံတွေလည်းအများကြီးပါတယ်။ ပေးမယ့်နိုင်ငံတွေလည်း အများကြီးပါတယ်။ အဲဒီအရတော့ သူတို့ခန့်မှန်းချက်ကတော့ ၂၀၂၁ ခုနှစ်ရဲ့ ပထမသုံးလပတ်မှာ သူတို့လို အပ်တဲ့ မှတ်ပုံတင်ခြင်းလုပ်ငန်းတွေ လုပ်မယ်။ ပြီးရင် ဒုတိယသုံးလပတ်မှာ ကျွန်တော် တို့ဆီကို စပြီး သုံးရာခိုင်နှုန်း ရောက်ဖို့ရှိပါ တယ်။ နောက်နှစ်ကုန်တဲ့အထိဆိုရင် ၁၇ ရာခိုင်နှုန်း ထပ်ရပါမယ်။ သူတို့ကတစ်ဆင့်ဝယ်ရင် စျေးသက်သာတော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အပိုဝယ်ရင် ကျွန်တော်တို့က ပိုက်ဆံတော့ပေးရမယ်။ ဒါပေမဲ့ စျေးတော့ သက်သာမယ်။ အဲဒါနဲ့ ၂၀ ရာခိုင်နှုန်း ထပ် ဝယ်ဖို့ စဉ်းစားထားပါတယ်။ ဒါက တစ်နည်း ပါ။ အဲဒါက ကာကွယ်ဆေးကို ရွေးချယ်ပိုင် ခွင့်မရှိပါဘူး” ဟု ပါမောက္ခ ဒေါက်တာ စော ဝင်းက ပြောကြားသည်။

လာမည့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာ နိုင်ငံ လူဦးရေ၏ ရာခိုင်နှုန်း ၄၀ ကို COVID-19 ကာကွယ်ဆေးထိုးနှံပေးရန် ရည်ရွယ်ထားပြီး ကျန်ရာခိုင်နှုန်း ၆၀ ကို ၂၀၂၂၊ ၂၀၂၃ ခုနှစ်အတွင်းရရှိရန် လျာထား ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

“နောက်တစ်နည်းက ကျွန်တော်တို့နဲ့ ဆက်ဆံပြောဆိုနေတာ ရှိတာကတော့ နိုင်ငံ အချင်းချင်း အိန္ဒိယ၊ တရုတ်၊ ရုရှားစတဲ့ ကာ ကွယ်ဆေးထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ ပြော ထားတာတွေရှိပါတယ်။ သူတို့ကလည်း  ကျွန် တော်တို့ကို လှူတာဖြစ်ဖြစ် ရောင်းပေးတာ ဖြစ်ဖြစ် ရှိလာရင်လည်း ရနိုင်စရာရှိပါတယ်။ အဲဒီအခါကျရင်လည်း ကျွန်တော်တို့ အကြံ ပေးအဖွဲ့တို့ Central EPI တို့ အကြံဉာဏ် ပေါ်မူတည်ပြီးတော့ ဆုံးဖြတ်ချက်ကတော့ ဝန်ကြီးဌာနက ဆုံးဖြတ်မှာဖြစ်ပါတယ်။ နောက်ဆုံးတစ်နည်းကတော့ ကုမ္ပဏီတွေ အကုန်လုံးကလည်း သူတို့နိုင်ငံတွေမှာ အရင်ဆုံးဖြန့်ဖို့ရှိတယ်။ ဒါပေမဲ့ သူတို့လည်း နိုင်ငံတကာကို ဖြန့်ရင်တော့ ပုဂ္ဂလိက ကုမ္ပ ဏီတွေကနေ ဝင်လာနိုင်စရာရှိပါတယ်။ ဒါ ကတော့ ပုဂ္ဂလိကစျေးကွက်ကနေ ရောက် လာဖို့ ရှိနိုင်ခြေရှိပါတယ်။ ရောက်လာရင် Private စျေးနဲ့ ထိုးရမှာဖြစ်ပါတယ်။ အဲဒီ တော့ နည်းလမ်းသုံးမျိုးနဲ့ရောက်နိုင်တယ်။ အခုချိန်မှာတော့ ဘယ်ကာကွယ်ဆေးရမှာ လဲ ပြောလို့မရနိုင်သေးဘူး။ ဘယ်တော့ ရောက်မလဲဆိုတာလည်း အတိအကျပြော လို့မရနိုင်သေးပါဘူး။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးဖြစ်အောင် အဖြစ်နိုင်ဆုံး တော့ စောစောစီးစီးရောက်တာ အကောင်း ဆုံးဖြစ်သလို ကွာလတီလည်း စိတ်ချရဖို့လို တယ်။ သုံးနိုင်တဲ့အနေအထားပေါ် မူတည် ပြီးတော့ လုပ်ရမှာ ဖြစ်ပါတယ်” ဟု  ပါ မောက္ခ ဒေါက်တာစောဝင်းက ဆက်လက် ပြောကြားသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်သည့် အမေရိကန်နိုင်ငံ တွင် ဒီဇင်ဘာ ၁၄ ရက်၌ ဗိုင်းရပ်စ်ကာကွယ် ဆေး စတင်ထိုးနှံခဲ့သည်။

ဥရောပနိုင်ငံအများစုတွင် ဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေသောကြောင့် အသွားအလာ ကန့်သတ်ပိတ်ဆို့မှုအသစ်များ ထုတ်ပြန်ချိန်၌အမေရိကန်တွင် ဗိုင်းရပ်စ် ကာကွယ်ဆေး စတင်ထိုးနှံချိန်နှင့် တိုက်ဆိုင်နေခဲ့သည်။

ဗြိတိန်တွင် ဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထိုးနှံခဲ့ပြီးနောက် ခြောက်ရက်အကြာ ၌ အမေရိကန်တွင် ကာကွယ်ဆေးစတင်ထိုး နှံခဲ့ခြင်းဖြစ်ပြီး နယူးယောက်မြို့ရှိ သူနာပြု ဆန်ဒရာလင်ဆေးသည် Pfizer/BioNTech တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးကို စတင်ထိုးနှံသည့် ပထမဆုံးအမေရိကန်နိုင်ငံသား ဖြစ်လာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဗြိ တိန်နှင့် အမေရိကန်တွင် စတင်ထိုးနှံခဲ့ပြီးနောက် ဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေခြင်း ကို ရင်ဆိုင်နေရသည့် ဂျာမနီက ကိုရိုနာဗိုင်း ရပ်စ်ကာကွယ်ဆေးကို အလျင်အမြန် ခွင့်ပြု ချက်ချပေးရန် ဥရောပသမဂ္ဂအာဏာပိုင်များကို ဖိအားပေးနေကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြထားသည်။

 


READ NEXT
Cancel OK