အာဆင်နယ်နည်းပြ အာတီတာက လာမည့်ဇန်နဝါရီတွင်အသင်း တိုက်စစ်မှူး ဂျေးဇူးအား ရောင်းထုတ်မည်ဆိုသည့်သတင်းများကို ငြင်းဆန်ပယ်ချခဲ့သည်။
အသက် (၂၇)နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး ဂျေးဇူးသည် အာဆင်နယ်အသင်းတွင် ရုန်းကန်နေရပြီး ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသည်။ အာဆင်နယ်နည်းပြ အာတီတာသည် ယခုရာသီတွင် ဂျေးဇူးကို အရန်ကစားသမားအဖြစ်သာ အသုံးပြုနေပြီး ပရီးမီးယားလိဂ်တွင် (၂) ပွဲသာ ပွဲထွက်ကစားခွင့် ရထားသည်။
ဂျေးဇူးသည် ယခုရာသီ တွင် ပရီးမီးယားလိဂ် (၁၂) ပွဲကစားထားသော်လည်း (၁) ဂိုးမှ သွင်းယူနိုင်ခြင်းမရှိသေးဘဲ လာမည့်ဇန်နဝါရီတွင် ရောင်းထုတ်ခံရဖွယ်ရှိကြောင်း သတင်းထွက်နေသည်။ သို့သော် အာဆင်နယ်နည်းပြ အာတီတာက အဆိုပါသတင်းများမှာ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။
အာတီတာက "ဂျေးဇူးကို ရောင်းမယ်ဆိုတဲ့ သတင်းတွေက အဓိပ္ပာယ် မရှိပါဘူး။ ဂျေးဇူးအနေနဲ့ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ပွဲတွေအများကြီး ကစားခွင့်မရဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဂျေးဇူးရဲ့စိတ်ထားက အရမ်းကောင်းပါတယ်။ သူ့ရဲ့စိတ်ဓာတ်က အမြဲအဲဒီအတိုင်းပါ ပဲ။ ကျွန်တော်တို့အနေနဲ့ သူ ခြေစွမ်းပြနိုင်အောင် အစွမ်းကုန်ကူညီပေးသွားမှာပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
