နာမည်ကျော် ဘောလုံးသုံးသပ်သူ တစ်ဦးဖြစ်သည့် ဂျေမီကာရေဂါက စပါးနည်းပြ ပိုစတီကိုဂလူးအနေဖြင့် လက်ရှိကျင့်သုံးနေသည့် နည်းဗျူဟာကို အပြောင်းအလဲမလုပ်ခဲ့ပါက လာမည့်ရာသီ၌ စပါး အသင်းနည်းပြအဖြစ် ဆက်ရှိနေနိုင်လိမ့်မည်မဟုတ်ဟု သုံးသပ်ပြောကြားခဲ့သည်။
ပိုစတီကိုဂလူးသည် တိုက်စစ်အသားပေးကစားဟန်ဖြင့် စပါးအသင်းကို ပုံဖော်နေခြင်းဖြစ်ပြီး ပေးဂိုးများ များပြားလျက်ရှိသည်။ ရလဒ်ပိုင်းအနေဖြင့်လည်း နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်နေသည့်အတွက် ကာရေဂါက သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
"ပရိသတ်တွေက ကစားပုံကောင်းတာကိုတင် လိုချင်တာမဟုတ်ပါဘူး။ အသင်းရဲ့ ရလဒ်ကောင်းဖို့လည်း လိုပါတယ်။ ဒီပုံစံအတိုင်းဆိုရင် လာမယ့်ရာသီမှာ စပါးအသင်းနည်းပြအဖြစ် သူဆက်ရှိနိုင်ဖို့မလွယ်ပါဘူး" ဟု ကာရေဂါက ပြောကြားခဲ့သည်။
ထို့ပြင် ကာရေဂါက စပါးဥက္ကဋ္ဌ လီဗီအနေဖြင်လည်း ရာထူးမှ နုတ်ထွက်သင့်ပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ စပါးအသင်းသည် လက်ရှိအချိန်တွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသည့်အတွက် ဥက္ကဋ္ဌ လီဗီအနေဖြင့် အခြေအနေဆိုးများအတွက် တာဝန်ယူပြီး ရာထူးမှ နုတ်ထွက်သင့်ပြီဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
စပါးအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အပြီးတွင် ၆ ပွဲနိုင် ၊ ၂ ပွဲသရေ၊ ၇ ပွဲ ရှုံး ထားပြီး ရဂိုး ၃၁ ဂိုး၊ ပေးဂိုး ၁၉ ဂိုး၊ ရမှတ် ၂၀ ဖြင့် အမှတ်ပေးဇယား အဆင့် ၁၁ တွင် ရပ်တည်နေလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
