Top News

နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်အတွက် ယူရိုသန်း(၁၀၀)ပေးရန် ချယ်လ်ဆီး အသင့်ရှိ
24htopnews | December 12, 2024 1:12 AM CST

 

ချယ်လ်ဆီးအသင်းသည် နယူးကာဆယ်အသင်းမှ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ကို ခေါ်ယူရန်အတွက် ယူရိုသန်း (၁၀၀) အသုံးပြုရန် အသင့်ရှိနေကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် တိုက်စစ်ကစားသမားအများအပြားကို ပိုင်ဆိုင်ထားသော်လည်း ချယ်လ်ဆီးအသင်းအနေဖြင့် စိတ်တိုင်းကျခြင်းမရှိသေးကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ယင်းအတွက် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ သို့မဟုတ် နွေရာသီအပြောင်းအရွှေ့ကာလ၌ အပြောင်းအလဲပြုလုပ်သွားရန် စီစဉ်နေရာ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။ 

အီဆက်ခ်ကို ခေါ်ယူရန် အခြားပရီးမီးယားလိဂ်ပြိုင်ဘက်များကလည်း စိတ်ဝင်စားနေသဖြင့် ချယ်လ်ဆီးအသင်းအနေဖြင့် ခေါ်ယူရန်ရန် မလွယ်ကူသည့် အခြေအနေတွင် ရှိနေသည်။

အီဆက်ခ်သည် ယခုရာသီတွင် နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၅ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူပေးထားသည်။


READ NEXT
Cancel OK