ဒေါ့မွန် နှင့် ဘာစီလိုနာ
ဒေါ့မွန်နဲ့ ဘာစီလိုနာ နှစ်သင်းစလုံးက ထိပ်ဆုံး ၈ သင်းထဲမှာ ပါနေတယ်။ ၅ ပွဲ ကစားပြီးချိန်မှာ ဒေါ့မွန်က အဆင့်၄ နေရာမှာ ရှိနေပြီး ဘာစီလိုနာက အဆင့် ၃ နေရာမှာ ရှိနေတယ်။ နှစ်သင်းစလုံးက ရမှတ်တူနေကြပြီး ၁၂ မှတ်စီ ရထားကြတယ်။ ဒီပွဲမှာ အနိုင်ရတဲ့အသင်းက ထိပ်ဆုံး ၈ သင်းထဲပါဖို့ အခြေအနေပိုကောင်းသွားနိုင်တယ်။ ဒေါ့မွန်နိုင်ထားတဲ့ ၄ ပွဲစလုံးက ဥရောပရဲ့အသင်းငယ်တွေဖြစ်ပြီး ရီးယဲလ်ကိုဂိုးပြတ်ရှုံးထားတယ်။ ဒီပွဲပြီးရင်လည်း ဘိုလော့ဂ်နာနဲ့ ရှက်တာဒိုးနက်တို့ကို ကစားရမှာဖြစ်လို့ ဒေါ့မွန်က တော်တော်လေးပွဲချောင်နေတယ်။ ဘာစီလိုနာကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ဒီပွဲနိုင်ရင် ထိပ်ဆုံး ၈ သင်း ထဲပါဖို့ သေချာတဲ့ပွဲစဉ်ဇယားလည်းဖြစ်နေတယ်။ ဒေါ့မွန်ကို ကြိုက်တယ်။
ဂျူဗင်တပ်စ် နှင့် မန်စီးတီး
ဂျူဗင်တပ်စ်က အမှတ်ပေးဇယား အဆင့် ၁၉ ကို ရောက်နေပြီး မန်စီးတီးအသင်းကလည်း အဆင့် ၁၇ နေရာကို ရောက် နေတာတွေ့ရတယ်။ နှစ်သင်းစလုံး အခြေအနေသိပ်မကောင်းကြတဲ့အတွက် နိုင်ပွဲရဖို့ တော်တော်လေး အရေးပါတဲ့ အနေအထားလည်းဖြစ်တယ်။ ဂျူဗင်တပ်စ်က အဖွင့်နှစ်ပွဲမှာ PSV နဲ့ လိုက်ပ်ဇစ်တို့လိုအသင်းတွေကို နိုင်ခဲ့ပြီးမှ နောက် ၃ ပွဲမှာ စတုဂတ်ကို ရှုံး၊ လိုင်လီနဲ့ ဗီလာတို့ကို သရေကျခဲ့တယ်။ မန်စီးတီးကလည်း အသင်းငယ် ၂ သင်းကိုပဲ အနိုင်ကစားခဲ့ပြီး အင်တာမီလန်ကိုသရေ၊ လစ္စဘွန်းကိုဂိုးပြတ်ရှုံးပြီး၊ ဖီယင်နုကို သရေထပ်ကျတယ်။ ဒီပွဲက တူရင်မြေမှာမန်စီးတီးအတွက် ခက်ခဲနိုင်ပေမယ့် ဂျူဗင်တပ်စ်ကလည်း အားရစရာမရှိပါဘူး။ သရေကျဖို့များပြီး အနိုင်ရလဒ်ဆိုရင်တော့ မန်စီးတီးကို ကြိုက်တယ်။
အက်သလက်တီကို နှင့် ဆလိုဗန်
အက်သလက်တီကို မက်ဒရစ်ကလည်း အဆင့် ၁၅ နေရာမှာ ရှိနေပေမယ့် အပေါ်အသင်းတွေနဲ့ အမှတ်ဘာမှမကွာပါဘူး။ အေစီမီလန်လိုပဲ လက်ကျန်ပွဲစဉ်တွေလည်း အရမ်းတော့မကျပ်ဘူး။ ဆလိုဗန်ကလည်း အိမ်ဖြည့်အဆင့်ပဲ ရှိပါတယ်။ အိမ်ကွင်းမှာ အက်သလက်တီကို ဂိုးပြတ်သွင်းလိမ့်မယ်။
အေစီမီလန် နှင့် ဇဗက်ဒါ
အေစီမီလန်က အဆင့်အားဖြင့် ၁၆ နေရာမှာ ရှိနေတယ် ဆိုပေမယ့် အဆင့် ၆ နေရာက လေဗာကူဆင်နဲ့ တစ်မှတ်ပဲ ကွာတာပါ။ ဒီပွဲကို အနိုင်ကစားလိုက်ရင် အေစီမီလန်က အပေါ်ကို တော်တော်လေး ရောက်လာနိုင်တယ်။ အဖွင့် ၂ ပွဲဆက်ရှုံးပြီးမှ ၃ ပွဲဆက်ပြန်နိုင်ခဲ့လို့ ခြေတက်နေသလို၊ ဒီပွဲပြီးရင်လည်း ပွဲစဉ် ချောင်ပါတယ်။ အေစီမီလန်က ထိပ်ဆုံး ၈ သင်းထဲအထိမှန်းနိုင်တယ်။ ဒီပွဲလည်း အနိုင်သေချာတယ်။
အာဆင်နယ် နှင့် မိုနာကို
အာဆင်နယ်က အဆင့် ၇ နေရာမှာ ရှိနေပြီး မိုနာကိုက အဆင့် ၈ နေရာမှာ ရှိနေတယ်။ နှစ်သင်းစလုံးက ၅ ပွဲကစားပြီးချိန် မှာ ရမှတ် ၁၀ မှတ်စီ ရထားကြတယ်။ အာဆင်နယ်က နောက်ဆုံးပွဲမှာ စပို့တင်းလစ္စဘွန်းကို ဂိုးပြတ်နိုင်ထားပြီး ဒီပွဲအပြီးမှာ ဒီနာမိုဇာဂရက်၊ ဂျီရိုနာတို့နဲ့ ကစားရမှာဖြစ်လို့ ဒီပွဲနိုင်ရင် ထိပ်ဆုံး ၈ သင်းထဲ ရောက်မယ့် ပွဲစဉ်လည်းဖြစ်တယ်။ မိုနာကိုကတော့ ဗီလာ၊ အင်တာမီလန်တို့နဲ့ ကစားရမှာဖြစ်လို့ ရုန်းကန်ရဦးမှာပါ။ ဒီပွဲလည်း အာဆင်နယ်ပဲ နိုင်လိမ့်မယ်။
အခြားပွဲစဉ်များ
*လိုင်လီ - စတမ်းဂရက်ဇ်
ဘင်ဖီကာ - ဘိုလော့ဂ်နာ*
*ဖီယင်နု - စပါတာပရပ်ဂ်
*စတုဂတ် - ယန်းဘွိုင်းစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
