မန်စီးတီးနည်းပြ ဂွါဒီယိုလာက မန်စီးတီးအသင်းသည် ၎င်း၏နည်းပြဘဝတွင်နောက်ဆုံးကိုင်တွယ်သည့် အသင်းဖြစ်နိုင်ကြောင်း နာမည်ကျော် စပိန်စားဖိုမှူး ဒါနီဂါစီယာနှင့်ပြုလုပ်သည့်အင်တာဗျူးတွင် အတည်ပြုပြောကြားခဲ့သည်။
အသက် (၅၃)နှစ်အရွယ်ရှိ စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ကိုင်တွယ်နေသည့် (၈)နှစ်ခွဲကျော်ကာလအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆု (၆) ကြိမ်အ ပါအဝင် ဆုဖလားပေါင်းများစွာ ရရှိထားသည်။ ဂွါဒီယိုလာသည် လက်ရှိတွင် နည်းပြဘဝတစ်လျှောက် အဆိုးရွားဆုံးကာလနှင့် ရင်ဆိုင်နေရပြီး မန်စီးတီးအသင်းမှာ ပြိုင်ပွဲစုံ နောက်ဆုံး (၉) ပွဲတွင် (၂) ပွဲသာ အနိုင်ရထားသည်။
သို့သော် ဂွါဒီယိုလာသည် ပြီးခဲ့သည့်နိုဝင်ဘာလကမှ မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိစာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့သည်။ ယခုအခါ ဂွါဒီယိုလာသည် နာမည်ကျော် စပိန်စားဖိုမှူး ဒါနီဂါစီယာနှင့် ပြုလုပ်ခဲ့သည့် Exclusive အင်တာဗျူးတွင် ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး ဖွင့်ဟခဲ့ပြီး မန်စီးတီးအသင်းမှထွက်ခွာပြီးပါက အခြားအသင်းတစ်သင်းကိုကိုင်တွယ်မည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက "ကျွန်တော် အခြားအသင်းတစ်သင်းကို ကိုင်တွယ်မှာ မဟုတ်ပါဘူး။ ဝေးကွာလွန်းတဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော် ပြောနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ မန်စီးတီးအသင်းက ထွက်ခွာပြီး တခြားနိုင်ငံက အသင်းတစ်သင်းကိုကိုင်တွယ်မှာ မဟုတ်ပါဘူး။ တခြားတစ်နေရာမှာ အစကနေပြန်လည်စတင်ဖို့ ကျွန်တော့်မှာ ခွန်အား မရှိလောက်တော့ဘူး"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဂွါဒီယိုလာက အဆိုပါအင်တာဗျူးတွင် နည်းပြဘဝက အနားယူပြီးပါက ၎င်းလုပ်လိုသည့်အရာများနှင့်ပတ်သက်ပြီးလည်း ပြောကြားခဲ့သည်။ "ကျွန်တော့်အနေနဲ့ နည်းပြဘဝကနေ အနားယူပြီးရင်လည်း အသက်က ခပ်ငယ်ငယ်ပဲ ရှိဦးမှာပါ။ ကျွန်တော် လုပ်ချင်တဲ့ အရာတွေအများကြီး ရှိပါတယ်။ အဲဒီထဲမှာ ပြင်သစ်စာသင်ချင်တာလည်း တစ်ခုအပါအဝင်ပေါ့။ ပြီးရင် အားလပ်ချိန်တွေမှာ ဂေါ့ဖ်ရိုက်ပြီး ပေါ့ပေါ့ပါးပါးချက်ပြုတ်နိုင်တဲ့ ဟင်းချက်နည်းကိုလည်း သင်ချင်ပါတယ်"ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
