မန်ယူအသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားဖွယ်ရှိနေကြောင်း သတင်းထွက်ပေါ်နေသည်။
အသက် (၂၇) နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် မန်ယူအကယ်ဒမီထွက်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် အသင်းအတွက် ပွဲထွက်ကစားခဲ့သည်။ ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၄၂၅) ပွဲတွင် (၁၃၈) ဂိုးသွင်းထားသည်။ ရပ်ရှ်ဖို့ဒ်သည် ၎င်းင်း၏ကစားသမား ဘဝတစ်လျှောက် အကောင်းဆုံးရာသီအဖြစ် ၂၀၂၂-၂၃ ရာ သီက ပြိုင်ပွဲစုံ ဂိုး (၃၀) အထိ သွင်းယူခဲ့သည်။
ယင်းနောက် ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းနှင့် တစ်ပတ်လစာ ပေါင်(၃၂၅၀၀၀) ဖြင့် (၅) နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့သည်။ သို့သော် ရပ်ရှ်ဖို့ဒ်သည် ၂၀၂၂-၂၃ ရာသီပြီးကတည်းက ခြေစွမ်းကျဆင်းသွားခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ် (၁၅)ပွဲတွင် (၄) ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
ရပ်ရှ်ဖို့ဒ်သည် နည်းပြသစ် အာမိုရင်မ်လက်ထက်တွင် တပ်ရိပ်ပြန်ပြလာသော်လည်း အာမိုရင်မ်၏အလှည့်ကျအသုံးပြုသည့်နည်းဗျူဟာကြောင့် ပုံမှန်ပွဲကစားခွင့်ရရန် ရုန်းကန်နေရသည်။ ယခုအခါ Sky Sports Germany က မန်ယူအသင်းအနေဖြင့် အသင်းအကယ်ဒမီထွက် ရပ်ရှ်ဖို့ဒ်ကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာာလတွင် ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း ဖော်ပြခဲ့သည်။ မန်ယူအသင်းတာဝန်ရှိသူများသည် အာမိုရင်မ်လက်ထက်တွင် ရပ်ရှ်ဖို့ဒ် တိုးတက်လာမှုကို အသိအမှတ်ပြုသော်လည်း မရောင်းနိုင်သည့်ကစားသမားအဖြစ် သတ်မှတ်ထားခြင်း မရှိကြောင်း သိရှိရသည်။
ထို့ပြင် မန်ယူအသင်းတာဝန်ရှိသူများသည် ရပ်ရှ်ဖို့ဒ်၏ ကွင်းပြင်ပနေထိုင်မှုများကို နှစ်သက်ခြင်းမရှိသဖြင့် လာမည့် ဇန်နဝါရီတွင် ၎င်းအတွက် ကမ်းလှမ်းမှုများကို လက်ခံရန်စဉ်းစားလာခြင်းဖြစ်သည်။ မန်ယူအသင်းအနေဖြင့် အသင်းတွင် လစာအများဆုံးကစားသမားထဲမှ တစ်ဦးဖြစ်သည့် ရပ်ရှ်ဖို့ဒ် ကို ရောင်းထုတ်လိုက်ပါက ကစားသမားသစ်များ ခေါ်ယူရာတွင် FFP စည်းမျဉ်းနှင့် ပိုကိုက်လာမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
