မြန်မာ့ရိုးရာ သနပ်ခါးကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန် ထပ်မံ တင်သွင်းမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန် ကြားရေးမှူး ဒေါ်နန်းလောင်ငင်းက ပြော ကြားသည်။
၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းအဖြစ် သတ်မှတ်နိုင်ရန် ယူနက်စကို သို့ တင်သွင်းခဲ့သော်လည်း လိုအပ်သည့်အ ချက်အလက်များကို ထပ်မံတင်သွင်းရန် ယူ နက်စကိုက ထပ်မံညွန်ကြားထားသဖြင့် ပြန် လည်တင်သွင်းမည်ဖြစ်သည်။
“အကြောင်းအရာကြောင့် မဟုတ်ဘူး။ အကြောင်းအရာကို သူတို့( ယူနက်စကို) လက်ခံတယ်။ အရေးအသားမှာ သူတို့လိုချင် တဲ့ပုံစံကို မဝင်လို့ ဒါကို Refre လုပ်လိုက်တာ ပါ။ Refre ဆိုတာက ဒါကိုပြန်ရေးပြီး ပြန်တင် လို့ရတယ်။ ရေးရင်လည်း ဘယ်အချက်တွေ ဘယ်အချက်တွေ ရေးရမယ်ဆိုတာ သူတို့ Line လုပ်ပါတယ်။ ဆိုတော့ အဲ့ဒီအချက်အ လက်တွေကို ပြန်ရေးရမှာ။ ပြန်ရေးပြီးတော့မှ ပြန်တင်ရမှာပေါ့။ ပြန်တင်မယ်ဆိုရင် ရနိုင် တယ်။ တခြားအကြောင်းအရာကြောင့် မ ဟုတ်ပါဘူး” ဟု ဒေါ်နန်းလောင်ငင်းက ပြောကြားသည်။
ထို့ပြင် မြန်မာ့ရိုးရာ ချိတ်လုံချည်ကို လည်း တင်သွင်းမည်ဆိုပါက တင်သွင်းနိုင်ပြီး သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများ၏ အား စိုက်ထုတ်မှုပေါ်တွင်သာ မူတည်ကြောင်း သိရသည်။
“ချိတ်လုံချည်လည်း တင်မယ်ဆိုတင်လို့ ရတယ်။ ဒါပေမဲ့သက်ဆိုင်ရာ Community ရဲ့ အားစိုက်ထုတ်မှုပေါ် မူတည်ပါတယ်။ အ ချက်အလက်တွေရှာတာတို့ဘာတို့ကတော့ ကျွန်မတို့ ဒီဘက်ကနေ ၀ိုင်းဝန်းပြီးတော့မှ ရှာဖွေပေးလို့ရတယ်။ နောက်ပြီးရေးသားတဲ့ ပုံစံလေးတွေကို သူတို့လည်း ဖြည့်စွက်နိုင် တယ်”ဟု ၎င်းင်းကဆက်လက်ပြောကြားသည်။
ယူနက်စကို၏ ဒြပ်မဲ့စာရင်းတွင် တင် သွင်းနိုင်ရန်အတွက် အမျိုးသားအဆင့် ဒြပ်မဲ့ စာရင်းဖြစ်ရန် လိုအပ်ပြီး ချိတ်လုံခြည်မှာ ယင်းအဆင့်တွင် ပါဝင်သည်ဟု သတ်မှတ် ထားကြောင်း၊ တင်သွင်းရာတွင် အစိုးရက တင်သွင်းရခြင်းမဟုတ်ဘဲ သက်ဆိုင်ရာလူမှု အဖွဲ့အစည်းများက တင်သွင်းရခြင်းဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ဒြပ် မဲ့စာရင်းအဖြစ် သတ်မှတ်ထားသည့်အမွေ အနှစ်ပေါင်း ယခုနှစ် မတ်လအထိစာရင်းများ အရ ၂၂၈၉ ခုရှိနေပြီး ယင်းတို့အနက်မှ အမွေ အနှစ်များကို သက်ဆိုင်ရာလူမှုအဖွဲ့အစည်း များက ယူနက်စကိုသို့ တင်သွင်းရခြင်းဖြစ် သည်။
ဒီဇင်ဘာ ၅ ရက်တွင် ယူနက်စကိုက ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် သတ်မှတ်လိုက်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်မှာ မြန်မာနိုင်ငံ၏ ပထမဆုံး ယူနက်စကိုက သတ်မှတ်လိုက်သည့် ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံတွင် ပျူမြို့ပြနိုင်ငံများဖြစ် သည့် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိသာနိုးမြို့ ဟောင်းနေရာများကို ၂၁၀၄ ခုနှစ်တွင် ယူနက် စကို စာရင်းဝင်ဒေသများအဖြစ်လည်း ကောင်း၊ ပုဂံဒေသကို ၂၀၁၉ ခုနှစ်တွင်လည်း ကောင်း ယူနက်စကိုစာရင်းဝင်ဒေသများ အဖြစ်လည်းကောင်း သတ်မှတ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
