ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ဘုရားဖူးလာရောက်မှု ရှိသော်လည်း ဟိုတယ်အချို့ ပိတ်သိမ်းထားရဆဲဖြစ်ကြောင်း ဒေသခံ လုပ်ငန်းရှင်များထံမှ သိရသည်။
COVID 19 ရောဂါ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ နိုင်ငံရေးအကျပ်အတည်း အခြေအနေများကြောင့် ပုဂံဒေသရှိ ဟိုတယ်နှင့် စားသောက်ဆိုင် လုပ်ငန်း ၇၀ ရာခိုင်နှုန်းခန့် လုပ်ငန်းများ ရပ်နားထားခဲ့ရကြောင်း အားလပ်ရက်များနှင့် အခါကြီးရက်ကြီး ကာလများတွင် ပုဂံသို့ ဘုရားဖူးလာရောက်သူများ ရှိနေသော်လည်း အဆိုပါ လုပ်ငန်းများသည် ဘုရားဖူးလာရောက်သည့် အခြေအနေအပေါ် မူတည်၍ အချိန်ပိုင်းအလိုက်သာ လုပ်ငန်းလည်ပတ်နိုင်သေးကြောင်း ယခုပွင့်လင်းရာသီတွင် စားသောက်ဆိုင်အများစု ဖွင့်လှစ်ထားသော်လည်း ဟိုတယ်နှင့် တည်းခိုခန်းအများစုသည် ပုံမှန် လုပ်ငန်းမလည်ပတ်နိုင်သေးကြောင်း သိရသည်။
" ပုံမှန်ဆိုရင် ပုဂံမှာက ခုလို ဒီဇင်ဘာလပိုင်းမှာဟိုတယ်တွေ၊ တည်းခိုခန်းတွေ ပြည့်လျှံနေတဲ့အထိ ဘုရားဖူးတွေ လာကြတာပါ။ အခုက သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလတွေမှာ ဘုရားဖူးကျတယ်ဆိုရင် ဟိုတယ်တွေက ကြိုတင်စာရင်းကောက်ပြီးမှ ဧည့်သည်လက်ခံသင့် လက်မခံသင့် ဆုံးဖြတ်ရတာမျိုးတွေ ရှိပါတယ်။ ကိုဗစ်ကာလကတည်းက ပိတ်ထားခဲ့ပြီး အခုချိန်အထိ ပြန်မဖွင့်နိုင်သေးတဲ့ ဟိုတယ်တွေလည်း အများကြီး ရှိနေပါသေးတယ် " ဟု ညောင်ဦးမြို့မှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်ကြသူ အများစုသည် ညောင်ဦးမြို့နှင့် အနီးတစ်ဝိုက်ရှိ မြို့နယ်များမှ နေ့ချင်းပြန် လာရောက်သူများ ဖြစ်ကြောင်း ခရစ္စမတ်နှင့် နယူးရီးယားရက်များအတွက် ဟိုတယ်နှင့် တည်းခိုခန်းများ ကြိုတင်ရက်ချိန်ယူသူများ ရှိနေသော်လည်း ဟိုတယ်အချို့သည် လုံးဝ လုပ်ငန်းရပ်နားထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
