မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (မန္တလေး ကျောက်ဝိုင်း) တွင် WeChat အသုံးပြု၍ အရောင်းအဝယ် ပြုလုပ်ခြင်းကို တားဆီးပိတ်ပေးရန် ကျောက်စိမ်း အရောင်းအဝယ် ပြုလုပ်သူများက သဘောထားလက်မှတ် ကောက်ယူခြင်းများကို ပြီးခဲ့သည့် စက်တင်ဘာလက ပြုလုပ်ခဲ့ပြီး ကောက်ယူထားသည့် သက်ဆိုင်ရာအဖွဲ့များမှ ဖြေရှင်းပေးနိုင်ရန် ကောက်ယူထားသည့် လက်မှတ်များနှင့်တကွ တင်ပြမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တောင်းဆိုဆန္ဒပြုများ ကောက်ခံခဲ့သည့် ကျောက်စိမ်းကုန်သည်များထံမှ သိရသည်။
WeChat ဖြင့် အရောင်းအဝယ် ပြုလုပ်ခြင်းမှာ ကျောက်အရည်အသွေးနှင့် ရသင့်ရထိုက်သည့် စျေးကွက်မရရှိကာ ကျောက်၏ စျေးကွက် ပျောက်ဆုံးမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် သဘောထားလက်မှတ် ကောက်ခံတင်ပြရခြင်း ဖြစ်ပြီး လက်ရှိတွင် လက်မှတ်အရေအတွက်၂၀၀၀ ဝန်းကျင် ရရှိထားကာ ယင်းလက်မှတ်များနှင့် အခက်ခဲ ဖြစ်နေသည်များကို မြို့တော်ဝန်နှင့်တကွ၊ သက်ဆိုင်ရာ စည်ပင်ဌာန၊ မဟာအောင်မြေ ကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီထံသို့ အောက်တိုဘာ ၁ ရက်တွင် တင်ပြခဲ့ကြောင်း သိရသည်။
“ဒီနေ့ စာတင်တယ်။ ပြီးခဲ့တဲ့ လအတွင်း ကောက်ယူရရှိတဲ့ လက်မှတ် အရေအတွက် ၂၀၀၀ ဝန်းကျင်နဲ့ ဖြေရှင်းပေးနိုင်ဖို့အတွက် အဓိက သက်ဆိုင်တဲ့ အဖွဲ့တွေဆီကို စာတင်တာပါ။ WeChat ကို အရင်က မသုံးဘူး မဟုတ်ဘူး။ သုံးခဲ့ပေမယ့် အခုလို အရောင်းအဝယ် ပြုလုပ်တဲ့ပုံစံမျိုး သုံးခဲ့တာ မဟုတ်ပါဘူး။ ဒီနှစ်ပိုင်းကနေစပြီး WeChat အသုံးပြုပြီး အရောင်းအဝယ် ပြုလုပ်မှုက ပိုတွင် ကျယ်လာတယ်။ အဲဒီအခါမှာ ကိုယ်တိုင်ဝယ်တာ မဟုတ်တဲ့အတွက် အွန်လိုင်းက အနေအထားကိုပဲ စျေးပေးတော့ တစ်ဖက်မှာ အရည်အသွေးနဲ့ ညီတဲ့ ရသင့်ရထိုက်တဲ့စျေးက မရတော့ဘူး။ နောက်ပြီး အဲဒီလို အရောင်းအဝယ်ပြုလုပ်တာ များသထက် များလာရင် ပုံမှန် အရောင်းအဝယ်ပြုလုပ်နေတဲ့ စျေးကွက်ကြီး ပျောက်ကွယ်သွားမှာ ဆိုးတဲ့အတွက် အခုလို လက်မှတ်ကောက်ပြီး တင်ပြရတာပါ”ဟု လက်မှတ် ကောက်ယူမှု ပြုလုပ်ခဲ့သည့် KLG ကျောက်မျက်ကုမ္ပဏီမှ ဦးမျိုးတေဇက ဆိုသည်။
စာတင်၍ ကျောက်သမားများ၏ တောင်းဆိုမှုများကို သက်ဆိုင်ရာ အဖွဲ့များသို့ တင်ပြခြင်းဖြစ်ကာ ယင်းအပေါ် ကျောက်ဝိုင်း အကျိုးတော်ဆောင်ကော်မတီမှ ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ပေးစေလိုကြောင်း သိရသည်။
မဟာအောင်မြေ ကျောက်ဝိုင်းမှာ ကျောက်စိမ်းရောင်ဝယ်မှု အဓိကလုပ်ကိုင်သည့် အကြီးဆုံးစျေးကွက်နေဖြစ်ပြီး WeChat အသုံးပြု လုပ်ကိုင်မှုကို ပြီးခဲ့သည့်နှစ်များအတွင်း အနည်းငယ်သာ ရှိခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် အသုံးပြုရောင်းဝယ်မှု ပိုမိုများပြားလာကာ ကျောက်များကို မှတ်တမ်းယူ၍ တစ်ဖက်မှပေးသည့် စျေးနှုန်းထက် လျှော့ချ ဝယ်ယူခြင်းကြောင့် ကျောက်စျေးကွက် ပျက်စီးစေနိုင်ကာ လက်ရှိတွင် ကျောက်ဝိုင်း၏ ရာခိုင်နှုန်း ၃၀ ကျော်ခန့်မှာ WeChat ဖြင့် အရောင်းအဝယ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
