Top News

မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းအပြင် ပဋိပက္ခနှင့် ဆင်းရဲမွဲတေမှုကြောင့် လူဦးရေ ၁၈ သန်းကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း IFRC ထုတ်ပြန်
24htopnews | December 11, 2024 6:12 PM CST

မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းအပြင် ပဋိပက္ခနှင့် ဆင်းရဲမွဲတေမှုကြောင့် လူဦးရေ ၁၈ သန်းကျော် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ လခြမ်းနီအ သင်းများအဖွဲ့ချုပ် (IFRC) က ဒီဇင်ဘာ ၉ ရက် တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် မြို့နယ်ပေါင်း ၇၀ ကျော် တွင် စက်တင်ဘာလအတွင်း ပြင်းထန်သော ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူပေါင်း ၁ ဒသမ ၁ သန်းကျော်မှာ ဆိုးရွားစွာ ကြုံတွေ့ခဲ့ရ ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း IFRC က ဆိုသည်။

တိုင်ဖွန်းမုန်တိုင်းသည် ယခင်ရှိရင်းစွဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အ ကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပြီး လက်ရှိ ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ဆင်းရဲမွဲ တေမှုတို့ကြောင့် လူပေါင်း ၁၈ သန်းသည် လူသားချင်းစာနာထောက်ထားမှုအကူအညီ များ လိုအပ်နေပြီဖြစ်ကြောင်း အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ လခြမ်းနီအ သင်းများအဖွဲ့ ချုပ် (IFRC) က ထုတ်ပြန်သည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် စိုက်ပျိုးမြေ ဟက်တာ ၂ ဒသမ ၃ သန်းကျော် ပျက်စီးခြင်း၊ မွေးမြူရေး ၁၇၆၀၀၀ ဆုံးရှုံးကာ နေအိမ်များ၊ စာသင်ကျောင်းများ၊ လမ်းများနှင့် လျှပ်စစ်ဓာတ် အား အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ ပြီး မုန်တိုင်းသင့်ပြည်သူများအနေဖြင့် ရေမသန့် ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်းနှင့် မိလာသန့်ရှင်းမှုမရှိခြင်း စသည့် အခက် အခဲများကိုလည်း ကြုံတွေ့နေရကြောင်း အ ပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ လခြမ်းနီအသင်း များအဖွဲ့ချုပ် (IFRC)က ထုတ်ပြန်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) မှ ကွင်းဆင်းလေ့လာရာတွင် မုန်တိုင်းသင့် ပြည်သူများအနေဖြင့်ငွေကြေး၊ အမိုးအကာ နှင့် အိမ်ထောင်စုများ ပြန်လည်ထူထောင်ရေး၊ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင် ရေးနှင့် စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ အပါအဝင် အခြေခံလိုအပ် ချက်များ လိုအပ်နေကြောင်း တွေ့ရှိရသည်ဟု IFRC က ထုတ်ပြန်သည်။

IFRC သည် မုန်တိုင်းသင့် လူဦးရေ ၂၅၀၀၀ ကို လာမည့်နှစ်တွင် ပံ့ပိုးကူညီရန် အတွက် ၂ ဒသမ ၅ သန်း အရေးပေါ်တောင်းခံ ထားကြောင်း သိရသည်။

စက်တင်ဘာလမှစတင်၍ လူဦးရေ ၂၅၀၀၀ ကျော်သည် အရေးပေါ်အမိုးအကာ နှင့် အိမ်သုံးပစ္စည်းများ၊ လူဦးရေ ၃၄၀၀၀ ကျော်သည် ကျန်းမာရေးနှင့် စောင့်ရှောက်မှု ဆိုင်ရာ အထောက်အပံ့များ၊ လူဦးရေ ၃၃၀၀၀ ကျော်သည် ရေသန့်နှင့် မိလာဝန် ဆောင်မှုများကို လက်ခံရရှိခဲ့ပြီး လူပေါင်း ၇၃၀၀ ကျော်သည် အရေးကြီးသော တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာ ကိရိယာများကို လက်ခံရ ရှိခဲ့ကြောင်း IFRC က ထုတ်ပြန်သည်။

စိန်ခေါ်မှုများအဖြစ် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ထိရောက်စွာ လည်ပတ်ခွင့်ကို ကန့်သတ်ထားဆဲဖြစ်ပြီး အထူးသဖြင့် မရှိ မဖြစ်လိုအပ်သည့် အစားအစာ မဟုတ်သော ပစ္စည်းများ ပို့ဆောင်ရာတွင် အဓိကအတား အဆီးအဖြစ် ဆက်လက်တည်ရှိနေကြောင်း IFRC က ဆိုသည်။

IFRC သည် သက်ဆိုင်သူများ၊ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များအားလုံးနှင့် ပူးပေါင်း၍ လျင်မြန် ထိရောက်သော တုံ့ပြန်မှုသေချာစေရန်အ တွက် သက်ရောက်မှုရှိသော လူမှုအသိုင်းအ ၀ိုင်းများကို ၎င်းင်းတို့၏ဘဝ ပြန်လည်ထူထောင် ရန်နှင့် ပြန်လည်တည်ဆောက်ရန် ကူညီပေး ရန် တောင်းဆိုထားသည်။

“လူသားချင်း စာနာထောက်ထားမှုဆိုင် ရာ အခြေခံမူတွေက ကျွန်တော်တို့ရဲ့ အလုပ် ကို တွန်းအားပေးတယ်။ ကမ္ဘာလုံးဆိုင်ရာအ လေ့အကျင့်နှင့်အညီ IFRC သည် အဖွဲ့ဝင် အားလုံးနှင့် ထိတွေ့ဆက်ဆံရန် MRCS ကို ဆက်လက်ပံ့ပိုးကူညီပြီး အကူအညီများ ထိ ခိုက်လွယ်ပြီး အကျပ်အတည်းဒဏ်ခံရ သော လူဦးရေသို့ရောက်ရှိကြောင်း သေချာစေရန် နှင့် ဝင်ရောက်ကူညီမှုအား လွယ်ကူချောမွေ့ စေပါသည်။ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများ အချိန်မီပေးပို့နိုင် ရေးအတွက် အရေးပေါ်ကာလတွင် ဤကဲ့သို့ သော ညှိနှိုင်းဆောင်ရွက်မှုများသည် အရေး ကြီးပါသည်” ဟု IFRC အတွက် မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့၏ လုပ်ငန်းဆောင် ရွက်မှုမန်နေဂျာ Christie Samosir က ပြော ကြားသည်။


READ NEXT
Cancel OK