Top News

မော်လိုက်မြို့နှင့် မိုင်းဖြတ်မြို့အနီး ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၅ နှင့် ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်များ နာရီပိုင်းအတွင်း နှစ်ကြိမ်လှုပ်ခတ်
24htopnews | December 11, 2024 6:12 PM CST

မော်လိုက်မြို့နှင့် မိုင်းဖြတ်မြို့အနီး ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၅ နှင့် ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်များ နာရီပိုင်းအတွင်း နှစ်ကြိမ်လှုပ်ခတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ၅၅ မိနစ်ခန့်တွင် တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် ၄၂ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့ဘက် (၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၆၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၄၆ ဒီဂရီ၊ အနက် ၇၁ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု သိရသည်။

အလားတူ ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီ ၂၆ မိနစ်ခန့်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက်မိုင် ၂၀ ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းဖြတ်မြို့၏ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၀၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉ ဒသမ ၆၅ ဒီဂရီ၊ အနက် ၃၈ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။


READ NEXT
Cancel OK