■ မန်စီးတီးအသင်း၏ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအား ကြားနာစစ်ဆေးမှု ပြီးဆုံး
24htopnews | December 11, 2024 2:12 PM CST
မန်စီးတီးအသင်း၏ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအား ကြားနားစစ်ဆေးမှုမှာ ပြီးခဲ့သည့် သောကြာနေ့က ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်မှ ချမှတ်ထားသော ဘဏ္ဍာရေးစည်းမျဉ်းများကို (၁၄)နှစ်တာကာလအတွင်း၌ (၁၁၅)ကြိမ်အထိ ချိုးဖောက်ခဲ့ကြောင်း စွဲချက်တင်ခံခဲ့ရပြီး စက်တင်ဘာ(၁၆)ရက်နေ့မှစ၍ ကြားနာစစ်ဆေးမှု ခံယူခဲ့ရခြင်းဖြစ်သည်။
ယခုကဲ့သို့ ကြားနာစစ်ဆေးမှု ပြီးဆုံးသွားပြီဖြစ်သည့်အတွက် ဂျူရီအဖွဲ့က စီရင်ချက်ချမှတ်ရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။
ကျွမ်းကျင်သူများ၏ ခန့်မှန်းမှုအရ အဆိုပါ စီရင်ချက်ချမှတ်မှုမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်ဖွယ်ရှိကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
