Top News

ဤလက်တစ်စုံဖြင့် သင့်အား ကာကွယ်ခွင့်ပြုပါ တာတီယာနာ (Life)
24htopnews | December 11, 2024 2:12 PM CST

နိုက်ကလပ်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ တာတီယာနာနဲ့ ဒေးဗစ်ရာယာတို့ စတွဲခဲ့တာ ၂၀၂၁ ကတည်းက ဖြစ်ပေမဲ့ ပရိသတ်တွေကို အသိပေးခဲ့တာကတော့ ၂၀၂၂ မှာမှပါ။ တာတီယာနာရဲ့ Instageam အကောင့်တစ်ခုလုံးကလည်း သူတို့နှစ်ဦးရဲ့ ပုံရိပ်တွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ ဒီလိုနဲ့ လန်ဒန်မှာ အတူနေထိုင်နေခဲ့ပြီးနောက်၊ ဒေးဗစ်ရာယာကလည်း ယူရို(၁၀)သန်းကျော် ရှာဖွေစုဆောင်းပြီးတဲ့နောက်၊ အာဆင်နယ်အသင်းနဲ့အတူ ထိပ်တန်းဂိုးသမားဘဝကို ထူထောင်ပြီးတဲ့နောက် ပြီးခဲ့တဲ့ အောက်တိုဘာလမှာတော့ ဒေးဗစ်ရာယာက ရာသက်ပန်ရိုးမြေကျ ကာကွယ်စောင့်ရှောက်ခွင့်ပြုဖို့ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ တာတီယာနာကလည်း Yes လို့ တုံ့ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၇)ရက်နေ့မှာတော့ ဒေးဗစ်ရာယာက တာတီယာနာနဲ့ လက်ထပ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။


READ NEXT
Cancel OK