Top News

ပရီးမီးယားလိဂ်ဒိုင်လူကြီး ဒေးဗစ်ကူတီကို ဒိုင်အဖွဲ့မှ PGMOL ထုတ်ပယ်
24htopnews | December 11, 2024 2:12 PM CST

 

ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့(PGMOL) သည် ပရီးမီးယားလိဂ်ဒိုင်လူကြီး ဒေးဗစ်ကူတီကို ဒိုင်အဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။ 

ဒေးဗစ်ကူတီသည် လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်နှင့် ပတ်သက်၍ မလျော်ကန်သည့် ပြောဆိုမှုများ ပြုလုပ်ခဲ့သလို၊ ယူရို-၂၀၂၄ ပြိုင်ပွဲကာလအတွင်း၌ အဖြူမှုန့်များရှူနေသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့သည်။

ယင်းအတွက် ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့(PGMOL) က ဒေးဗစ်ကူတီအား တာဝန်မှ ရပ်ဆိုင်းထားခဲ့သည့်အပြင် စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်ခဲ့သည်။ 

ယခုအခါ ဒေးဗစ်ကူတီအနေဖြင့် စည်းမျဉ်းများချိုးဖောက်ကြောင်း တွေ့ရှိသည့်အတွက် ဒိုင်အဖွဲ့မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း PGMOL က ကြေညာခဲ့သည်။

 


READ NEXT
Cancel OK