ဗြိတိန်မီဒီယာ BBC သည် ၂၀၂၄ ခုနှစ်အတွက် Sports Personality of the Year ဆုချီးမြှင့်ရန် ဆန်ခါတင်အားကစားသမား (၆)ဦးစာရင်းကို တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါဆန်ခါတင်စာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ် ပါဝင်ခဲ့ပြီး ကျန်(၅)ဦးမှာ မီတာ ၈၀၀ အပြေးမယ် ကီလီဟော့ကင်ဆန်၊ မြားပေါက်ချန်ပီယံ လုခ်လစ်တယ်လာ၊ ခရစ်ကတ်ကစားသမား ဂျိုးရု(တ်)၊ မသန်စွမ်းစက်ဘီသမား ဆာရာစတိုရေးနှင့် သုံးမျိုးစုံအားကစားသမား အဲလက်စ်ယီတို့ ဖြစ်သည်။
BBC သည် Sports Personality of the Year ဆုကို ၁၉၅၄ ခုနှစ်မှစ၍ နှစ်စဉ် ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးနှစ်ကြိမ်တွင် အမျိုးသမီးဘောလုံးသမားများက ရရှိခဲ့သည်။
သို့သော် ချီးမြှင့်ခဲ့သည့် အကြိမ် (၇၀)အတွင်း ဘောလုံးသမားများ ရရှိမှုမှာ စုစုပေါင်း (၇)ကြိမ်သာ ရှိခဲ့ကြောင်း သိရသည်။
BBC Sports Personality of the Year ဆုကို အမျိုးသားဘောလုံးသမားများထဲမှ ရရှိခဲ့သူများမှာ ဘော်ဘီမိုး၊ ဂတ်စ်ကွိုင်နီ၊ မိုက်ကယ်အိုဝင်၊ ဒေးဗစ်ဘက်ခမ်နှင့် ရိုင်ယန်ဂစ်တို့ ဖြစ်ပြီး အမျိုးသမီးဘောလုံးသမားနှစ်ဦးမှာ ဘက်သ်မိဒ်နှင့် မယ်ရီအပ်စ်တို့ဖြစ်သည်။
ယခုနှစ်အတွက် ဆုရရှိရန် ရေပန်းစားနေသူမှာ ပြီးခဲ့သည့် ပါရီအိုလံပစ်ပြိုင်ပွဲ၌ မီတာ(၈၀၀)အပြေးပြိုင်ပွဲတွင် ဗြိတိန်နိုင်ငံအတွက် ရွှေတံဆိပ်ဆွတ်ခူးပေးနိုင်ခဲ့သည့် ကီလီဟော့ကင်ဆန်ဖြစ်ကြောင်း သိရသည်။
ပရိသတ်များအနေဖြင့် ဒီဇင်ဘာ(၁၀)ရက် ဗြိတိန်စံတော်ချိန် ည(၁ဝးဝ၀)နာရီအထိ မဲပေးခွင့်ရရှိမည်ဖြစ်ပြီး ဆုပေးပွဲကို ဒီဇင်ဘာ(၁၇)တွင် ကျင်းပမည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
