Top News

■ ချန်ပီယံလိဂ် ပွဲစဉ်-၆ (ပထမနေ့) ပွဲကြိုသုံးသပ်ချက်
24htopnews | December 11, 2024 12:12 PM CST

◘ ဂျီရိုနာ - လီဗာပူးလ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် နံနက် ဝဝး၁၅ နာရီ)

ဂျီရိုနာက အဆင့် ၃၀ နဲ့ ပြိုင်ပွဲက ထွက်ခွာရမယ့် ဇုန်ထဲမှာ ရှိနေပြီး လီဗာပူးလ်အသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတယ်။ ဒီရာသီမှာ ဂျီရိုနာက သာမန်အသင်းအဆင့်ပဲ ရှိပြီး အဓိကကစားသမားတွေ ထွက်သွားတဲ့ဒဏ်ကိုလည်း ခံစားနေရတယ်။ ဒါ့အပြင် ပြိုင်ပွဲနှစ်ရပ်အတွက် လုံလောက်တဲ့အင်အားမရှိတာလည်း ပါတယ်။ လီဗာပူးလ်က လက်ရှိ ဥရောပရဲ့ Form အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပြီး ဒီပွဲလည်း အဝေးကွင်းဆိုပေမဲ့ နိုင်ပွဲဆက်ယူလိမ့်မယ်။

◘ အတ္တလန်တာ - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် နံနက် ၂း၃၀ နာရီ)

ဥရောပရဲ့ဘုရင်လို့ ပြောရမယ့် ရီးယဲလ်မက်ဒရစ်အတွက်တော့ မယုံနိုင်စရာ ရပ်တည်မှုနဲ့ ရင်ဆိုင်နေရတယ်။ Play-offs ကစားရမယ့် နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၂၄ နေရာမှာ ရပ်တည်နေပြီး အတ္တလန်တာအသင်းကတော့ အဆင့် ၅ နေရာမှာ ရပ်တည်နေတယ်။ လက်ရှိခြေစွမ်းအရဆိုရင် အတ္တလန်တာကတောင် ပိုကောင်းတဲ့အနေအထားမှာ ရှိနေပြီး ရီးယဲလ်မက်ဒရစ်အသင်းက ကောင်းတစ်လှည့်၊ ညံ့တစ်လှည့်အခြေအနေမှာ ရှိနေတယ်။ ဒီပွဲလည်း အတ္တလန်တာကို ကြိုက်တယ်။

◘ အတ္တလန်တာ - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် နံနက် ၂း၃၀ နာရီ)

လေဗာကူဆင်က အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အင်တာမီလန်အသင်းက  အဆင့် ၂ နေရာမှာ ရပ်တည်နေတယ်။ လေဗာကူဆင်အသင်းက အဖွင့် ဘရက်စ်နဲ့ သရေကျပြီး လီဗာပူးလ်ကို ဂိုးပြတ်ရှုံးခဲ့ပေမဲ့ ကျန် ပွဲစဉ် ၃ ပွဲစလုံး အနိုင်ရခဲ့တယ်။ အင်တာမီလန်က အဖွင့်ပွဲစဉ်ဖြစ်တဲ့ မန်စီးတီးနဲ့ပွဲမှာကတည်းက အဝေးကွင်းမှာ ခြေစွမ်းပြပြီး သရေကစားခဲ့သလို လက်ကျန်ပွဲအားလုံးကိုလည်း အနိုင်ကစားထားတယ်။ လက်ရှိခြေစွမ်းအရတော့ သရေရလဒ်နဲ့ပဲ အဆုံးသတ်လိမ့်မယ်။

◘ ကလပ်ဘရုဂေး - စပို့တင်းလစ္စဘွန်း (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် နံနက် ၂း၃၀ နာရီ)

စပို့တင်းလစ္စဘွန်းက ရူဘန်အာမိုရင်မ်လက်ထက်မှာ ထိပ်ဆုံး ၈ သင်းထဲရှိခဲ့ပြီး မန်စီးတီးကိုတောင် ဂိုးမိုးရွာခဲ့ပေမဲ့ အာမိုရင်မ်မရှိတဲ့ ပထမဆုံးပွဲမှာ အာဆင်နယ်ကို ဂိုးမိုးအရွာခံခဲ့ရတယ်။ အခုပွဲအတွက်လည်း စိတ်ချရတဲ့ အနေအထားလို့ ပြောမရဘူး။ သရေကျသွားနိုင်တယ်။

◘ ဆာလ်ဇ်ဘာ့ဂ် - PSG (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် နံနက် ၂း၃၀ နာရီ)

ဆာလ်ဇ်ဘာ့ဂ်က တန်းဆင်းဇုန်ထဲ နက်နက်ရှိုင်းရှိုင်း ရောက်ရှိနေသလို၊ PSG ကလည်း သူတို့အသင်းရဲ့ လူအင်အားနဲ့မလိုက်အောင် အဆင့် ၂၄ အပြင်ဘက်၊ တန်းဆင်းဇုန်ထဲကို ရောက်နေတယ်။ နှစ်သင်းစလုံး ပြိုင်ပွဲကနေ ထွက်ခွာသွားရမယ့် အခြေအနေပါ။ ဒီပွဲက PSG အတွက် အရမ်းအရေးကြီးတယ်။ တကယ်တော့ အဆင့်အရမ်းအောက်ရောက်နေပေမဲ့ လက်ကျန် ၃ ပွဲမှာ ၂ ပွဲလောက်နိုင်ရင် အခြေအနေကောင်းပါတယ်။ PSG မဖြစ်မနေ အနိုင်ကစားလိမ့်မယ်။

◘ လိုက်ပ်ဇစ် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် နံနက် ၂း၃၀ နာရီ)

လိုက်ပ်ဇစ်က လက်ကျန်ပွဲတွေမှာ ဘယ်လိုရလဒ်ထွက်ထွက် ထိပ်ဆုံး ၈ သင်းထဲ မရောက်ဖို့ကတော့ သေချာသွားပြီ။ Play-offs  ပွဲစဉ်တွေအတွက်ဆိုရင်တော့ ဒီပွဲနိုင်ရင် မျှော်လင့်ချက် ရှိပါသေးတယ်။ ဒီရာသီမှာ ၅ ပွဲစလုံး ရှုံးထားတဲ့အသင်းဖြစ်ပြီး ဗီလာက အဆင့် ၉ နေရာမှာရှိနေလို့ တော်တော် အခြေအနေကောင်းတယ်။ ဒါပေမဲ့ လိုက်ပ်ဇစ်က ဗီလာအတွက် လျှော့တွက်မရတဲ့အသင်းပါ။ လိုက်ပ်ဇစ် သရေနဲ့ အနိုင်ပဲ။

◘ ရှက်တာဒိုးနက် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၁ ရက် နံနက် ၂း၃၀ နာရီ)

ရှက်တာဒိုးနက်က ဒီပွဲပြီးရင် ဘရက်စ်၊ ဒေါ့မွန်တို့နဲ့ ကစားရမှာဖြစ်တယ်။ အခုပွဲစဉ်မှာသာ ရှုံးခဲ့ရင် လက်ကျန် ၂ ပွဲမှာ ၁ ပွဲနိုင်ရင်တောင် မလုံလောက်တဲ့ အနေအထားလည်း ဖြစ်တယ်။ ဒါကြောင့် အရမ်းအရေးကြီးနေပေမဲ့ ဘိုင်ယန်မြူးနစ်လို အသင်းမျိုးကို အနိုင်ကစားဖို့က ခက်ပါတယ်။ ဘိုင်ယန်က အဆင့် ၁၃ ကို ရောက်နေပြီး လက်ကျန်ပွဲတွေကို အနိုင်ကစားရင် ထိပ်ဆုံး ၈ သင်းထဲ သေချာတယ်။ ဒီပွဲကိုတော့ သေချာပေါက် အနိုင်ကစားလိမ့်မယ်။

◘ အခြားပွဲစဉ်များ

ဒိုင်နမိုဇာဂရက်    -    ဆဲလ်တစ်*

ဘရက်စ်        -    PSV*


READ NEXT
Cancel OK