ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒရုန်းနှင့် ဒရုန်းဆက်စပ်ပစ္စည်းများ မရောင်းချရန်နှင့် ခွင့်ပြုချက်မဲ့ ပျံသန်းခြင်းကို စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရအမိန့်များထုတ်ပြန်ထားကြောင်း သိရသည်။
သက်ဆိုင်ရာမြို့နယ်အသီးသီးတွင် ထုတ်ပြန်ချက်ထားချက်များအရ PDF အဖွဲ့များသည် ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံး အဆောက်အဦးများ၊ အများပြည်သူဆိုင်ရာ လူစည်ကားရာနေရာများတွင် ဒရုန်းများအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များ အတွင်းရှိ ကုန်တိုက်ကြီးများ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များနှင့် စတိုးဆိုင်များတွင် ဒရုန်းနှင့် ဒရုန်းဆက်စပ်ပစ္စည်းများ ရောင်းချမှုမရှိစေရေး၊ လက်ဝယ်အသုံးပြုမှု မရှိစေ ရေးနှင့် ဒရုန်းပျံသန်းမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ခွင့်ပြုချက်မဲ့ ပျံသန်းခြင်းကို စိစစ်တွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
“ အဲဒီထုတ်ပြန်ချက်က အမှန်ပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်လိုက်တာပါ။ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ အလှုပွဲတွေမှာ ရိုက်ချင်ရင်တော့ သက်ဆိုင်ရာကို ခွင့်ပြုချက်တင်ရမယ်။ မလိုက်နာဘူးဆိုရင်တော့ ပုဒ်မ ၁၈၈ နဲ့ အရေးယူမယ် ” ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။
ယင်းတားမြစ်အမိန့်ကို ဖောက်ဖျက်ကျူးလွန်သည့် မည်သူမဆို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၈ အား ဖောက်ဖျက်ကျူးလွန်ပါက မည်သူမဆို ထောင်ဒဏ်တစ်လမှ ခြောက်လအထိဖြစ်စေ၊ ဒဏ်ငွေဖြင့်စေ ချမှတ်နိုင်ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
