Top News

နမ့်ခမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်စဉ်များ၌ တပ်မတော်အနေဖြင့် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း မရှိသကဲ့သို့ မည့်သည် တိုက်ပွဲတွင်မျှ အဆိပ်ငွေ့ဗုံး အသုံးပြုခဲ့ခြင်း မရှိဟု ထုတ်ပြန်
24htopnews | December 11, 2024 12:12 PM CST

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ စခန်းသစ်လုံခြုံရေးစခန်း ထိတွေ့မှုဖြစ်စဉ်တွင် အဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်းမရှိသလို တပ်မတော်အနေဖြင့် မည့်သည်တိုက်ပွဲတွင်မျှ အဆိပ်ငွေ့ဗုံး အသုံးပြုခဲ့ခြင်းမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်ရှိ စခန်းသစ်လုံခြုံရေးစခန်းအား TNLA အဖွဲ့နှင့့် PDF များက တိုက်ခိုက်လျက်ရှိပြီး တပ်မ‌တော်မှ နယ်မြေဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တပ်မတော်မှ အဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်လာခဲ့သည်ဆိုသော TNLA အဖွဲ့၏ ထုတ်ပြန်ချက်တစ်ခုကို Online မီဒီယာများတွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရကြောင်း နစကက ထုတ်ပြန်သည်။

တပ်မတော်အနေဖြင့် အဆိပ်ငွေ့ဗုံးများအား မည်သည့်တိုက်ပွဲများတွင်မှ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း၊ တပ်မတော်၏ လက်နက်ကြီးပစ်ကူနှင့် တပ်မတော်သားများ၏ တိုက်ခိုက်မှုများကြောင့် TNLA အဖွဲ့နှင့် PDF များ အကျအဆုံးများလာသည့်အတွက် အဆိပ်ငွေ့ဗုံးများ အသုံးပြုသည်ဆိုသော သတင်းအမှားများကို ထုတ်လွှင့်လာခြင်းဖြစ်ကြောင်း နစကက ထုတ်ပြန်သည်။

တပ်မတော်အနေဖြင့် နယ်မြေဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း နစကက ထုတ်ပြန်သည်။


READ NEXT
Cancel OK