နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် ဖွင့်လှစ်ထားသည့် ဘဏ်ငွေစာရင်း (သို့မဟုတ်) မိုဘိုင်းငွေကြေးများကို ပိတ်သိမ်းရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်သည်။
ယင်းသို့ နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်းများကို ပိတ်သိမ်းရာတွင် ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများနှင့် စပ်လျဉ်း၍ တားဆီးကာကွယ်ရန် သတင်းအချက်အလက်ရယူခြင်းနှင့် စစ်ဆေးဖော်ထုတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် ဖော်ပြထားပြီး အချက်လေးချက်ဖြင့် ဆောင်ရွက်ရမည်ဟု သိရသည်။
အဆိုပါအချက်လေးချက်မှာ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများသည် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ၏ လမ်းညွန်ချက်များအတိုင်း ဆက်လက်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းသည် နိုင်ငံသားစိစစ်ရေးကတ်အတုများ ဖြင့် ဘဏ်ငွေစာရင်းများ သို့မဟုတ် မိုဘိုင်းငွေရေးကြေးရေးစာရင်းများ ဖွင့်လှစ်ထားကြောင်း စစ်ဆေးပေါ်ပေါက်ပါက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်း၊ သံသယဖြစ်ဖွယ်ရာ ငွေကြေးစီးဆင်း မှုများကို စိစစ်နိုင်ရေးအတွက် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit- FUI) သို့ ပေးပို့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် ဖွင့်လှစ်ထားသည့် ဘဏ်ငွေစာရင်း(သို့မဟုတ်) မိုဘိုင်းငွေကြေးစာရင်းများအား ပိတ်သိမ်းနိုင်ရေး သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းများက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြဆောင်ရွက်ခြင်း၊ ဗဟိုဘဏ်အနေဖြင့် ပိတ်သိမ်းနိုင်ရေးတင်ပြ လာသည့် ဘဏ်ငွေစာရင်းများ သို့မဟုတ် မိုဘိုင်းငွေကြေးစာရင်းများကို စိစစ်၍ ပိတ်သိမ်းရန်နှင့် အဆိုပါငွေစာရင်းရှိ လက်ကျန်ငွေများအား ပြန်လည်ထုတ်ယူနိုင်ခြင်းမရှိသည့် ငွေစာရင်းသို့ ထည့် သွင်းခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင်နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် မှတ်ပုံတင်ထားသည့် ဖုန်းဆင်းကတ်များ၊ မှတ်ပုံတင် စည်းကမ်းများကိုလိုက်နာမှုမရှိသည့် ဆင်းကတ်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
