လာလီဂါရဲ့ လစာငွေ ကန့်သတ်မှုစည်းမျဉ်းကြောင့် မက်ဆီကို ဆုံးရှုံးခဲ့ရခြင်းအပေါ် ပရိသတ်အချို့က ဘဝင်မကျ ကြပါဘူး။ ဒီစည်းမျဉ်းက ပြိုင်ဘက်လိဂ်တွေနဲ့ယှဉ် ရင် နစ်နာမှုဖြစ်စေတယ်လို့ အများစုက ယူဆကြ ပါတယ်။ ဒီစည်းမျဉ်းနဲ့ကိုက်ညီဖို့အတွက် ဘာစီလို နာအသင်းက ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ရသလို၊ ရီးယဲလ်အသင်းအနေနဲ့လည်း ဟိုးတုန်းကလို စိတ် လွတ်လက်လွတ် လှုပ်ရှားခွင့်မရတော့ပါဘူး။ ဒါ ဟာ ထိပ်သီးအသင်းကြီးတွေ ငွေရှိရင်ရှိသလို ထင် ရာစိုင်းလို့မရအောင်၊ ငွေကြေးအကျပ်အတည်း တွေ ဖြစ်ပေါ်မလာအောင်၊ အသင်းငယ်တွေ အနိုင် ကျင့်ခံရသလိုမဖြစ်အောင် ထိန်းသိမ်းပေးခြင်းဖြစ် ပေမဲ့ ပြိုင်ဘက်လိဂ်တွေနဲ့ ယှဉ်ရင်တော့ ပြဿနာ ရှိလာပါတယ်။ အခု ဘာပေကို ဆုံးရှုံးရတာက လည်း ဒါကြောင့်လို့ ဆိုရမှာပါပဲ။ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရရှိမယ့် ကစားသမားကို ရီးယဲလ်က လည်း PSG နည်းတူ မြင့်မားတဲ့ လက်မှတ်ထိုး ကြေးပေးချေနိုင်ပါတယ်။ ဒါပေမဲ့ လစာအဖြစ် တစ် ပတ်ယူရို(၁)သန်း ပေးချေနိုင်ဖို့တော့ မဖြစ်နိုင်ဘူး လို့ ဆိုရမှာပါ။ PSG အသင်းက ဘာပေကို အသင်း က မထွက်ခွာနိုင်အောင် ရုန်းရခက်တဲ့ ငွေကြိုးတွေ နဲ့ ချည်နှောင်ခဲ့တယ်လို့တော့ ဆိုနိုင်ပါတယ်။\
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
