Top News

ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ရန် ဒီမာရီယာ ဆုံးဖြတ်ချက်မချရသေး
24htopnews | December 11, 2024 10:12 AM CST

ယခုရာသီကုန်တွင် PSG အသင်းမှ ထွက်ခွာတော့မည့် အာဂျင်တီးနားတောင်ပံကစားသမား ဒီမာရီယာကသည် ဂျူဗင်တပ်စ်အသင်းနှင့် သတင်းထွက်နေသော်လည်း အနာဂတ်အတွက် မဆုံးဖြတ်ရသေးကြောင်း ဆိုခဲ့သည်။

''ကျွန်တော် တည်တည်ငြိမ်ငြိမ်ပါပဲ။ အချိန်လိုပါတယ်။ ကျွန်တော် စဉ်းစားရမှာပါ။ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး။ ကျွန်တော်က ကိုယ့်အတွက်ရော၊ မိသားစုအတွက်ပါ အမြဲတွေးသူပါ။ ကျွန်တော့် သမီးနှစ်ယောက်နဲ့ ဇနီးအတွက် အကောင်းဆုံးရွေးချယ်မှုကို လုပ်ဆောင်သွားပါမယ်'' ဟု ဒီမာရီယာက ပြောကြားခဲ့သည်။

ဒီမာရီယာသည် ဇနီးဖြစ်သူ၏ သဘောထားကို ဦးစားပေးကာ အနာဂတ်အတွက် ရွေးချယ်သွားရန် စီစဉ်ထားခြင်းဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း ဆုံးဖြတ်ဖွယ်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK