အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် (၁၃) နှစ်ကြာ ပြိုင်ပွဲ(၇) ကြိမ်ဆက် လက်တွဲလာသည့် ဆူဇူကီးကုမ္ပဏီနှင့် လမ်းခွဲခဲ့ပြီး မစ်ဆူဘီရှီကုမ္ပဏီနှင့် Title Sponsor အဖြစ် လက်တွဲသွားတော့မည်ဖြစ်ကြောင်း မေ(၂၃) ရက်က တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။
ဆူဇူကီးမော်တာကော်ပိုရေးရှင်းသည် အာဆီယံဘောလုံးအဖွဲ ့ချုပ်(AFF) က ဦးဆောင်ကျင်းပနေသည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို Title Sponsor အဖြစ် ၂၀၀၈ ခုနှစ်ကတည်းကစ၍ ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။
ဆူဇူကီးမော်တာကော်ပိုရေးရှင်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းက ကျင်းပခဲ့သည့် ပြိုင်ပွဲကို နောက်ဆုံးအနေဖြင့် Title Sponsor ပေးခဲ့သောကြောင့် အာဆီယံဘောလုံးအဖွဲ ့ချုပ်(AFF) နှင့် (၁၃) နှစ်ကြာ ပြိုင်ပွဲ(၇) ကြိမ်ဆက် လက်တွဲခဲ့ခြင်းဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ ့ချုပ်(AFF) သည် လာမည့် ၂၀၂၂ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် ဂျပန်အခြေစိုက်ကုမ္ပဏီပင်ဖြစ်သည့် မစ်ဆူဘီရှီအီလက်ထရစ်နှင့် Title Sponsor အတွက် သဘောတူညီမှုရရှိခဲ့ပြီး အပြီးသတ်စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သို ့သော် စာချုပ်တန်ဖိုးကိုမူ နှစ်ဖက်စလုံးက တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း သိရသည်။
အာဆီယံဘောလုံးအဖွဲ ့ချုပ်(AFF) ၏ သတင်းထုတ်ပြန်မှုအရ ၂၀၂၂ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို ''အာဆီယံမစ်ဆူဘီရှီအီလက်ထရစ်ဖလားပြိုင်ပွဲ''ဟု အမည်သတ်မှတ်လိုက်ကြောင်းနှင့် လာမည့် ၂၀၂၂ ပြိုင်ပွဲကို ဒီဇင်ဘာအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
အာဆီယံဘောလုံးအဖွဲ ့ချုပ်(AFF) သည် ပြီးခဲ့သည့်ရက်ပိုင်းကအထိ ၂၀၂၂ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို ကျင်းပဖြစ်၊ မဖြစ် အတည်ပြုနိုင်ခြင်းမရှိခဲ့သော်လည်း မစ်ဆူဘီရှီအီလက်ထရစ်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီးနောက် လာမည့်ဒီဇင်ဘာအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ ့ချုပ် (AFF) နှင့် ဆူဇူကီးမော်တာကော်ပိုရေးရှင်းတို ့လက်တွဲခဲ့သည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ (၇)ကြိမ်တွင် ဆုကြေးများ နှစ်အလိုက်တိုးခဲ့ကြောင်း သိရသည်။
အာဆီယံဘောလုံးအဖွဲ ့ချုပ် (AFF) နှင့် ဆူဇူကီးမော်တာကော်ပိုရေးရှင်းတို ့လက်တွဲသည့် ပြိုင်ပွဲ(၇) ကြိမ်တွင် ၂၀၀၈ နှင့် ၂၀၁၀ ပြိုင်ပွဲများ၌ ချန်ပီယံဆု ဒေါ်လာ (၁) သိန်း၊ ဒုတိယဆု ဒေါ်လာ(၅) သောင်း၊ ၂၀၁၂ မှ ၂၀၁၆ အထိ ပြိုင်ပွဲ(၃)ကြိမ်ကို ချန်ပီယံဆု ဒေါ်လာ(၂) သိန်း၊ ဒုတိယဆု ဒေါ်လာ(၇၅၀၀၀)။ ၂၀၁၈နှင့် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၀ ပြိုင်ပွဲများကို ချန်ပီယံဆု ဒေါ်လာ(၃) သိန်း၊ ဒုတိယဆု ဒေါ်လာ(၁) သိန်း၊ ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်သည့် အသင်းနှစ်သင်းကို ဒေါ်လာ(၅) သောင်းစီ ပေးအပ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
