Top News

ရန်ကုန်ယူနိုက်တက်အသင်းမှ လူငယ်တိုက်စစ်ကစားသမား အီစိုး လာအိုလိဂ်ထိပ်သီးကလပ် Young Elephants အသင်းသို့ ပြောင်းရွှေ့သွားပြီး ကျောနံပါတ် ၂၇ ဝတ်ဆင်ကစားနေ
24htopnews | December 11, 2024 10:12 AM CST

ရန်ကုန်ယူနိုက်တက်အသင်းမှ လူငယ်တိုက်စစ်ကစားသမား အီစိုးသည် ပြီးခဲ့သည့်ရက်ပိုင်းက လာအိုလိဂ်ထိပ်သီးကလပ် Young Elephants အသင်းသို ့ ပြောင်းရွှေ ့သွားပြီး ကျောနံပါတ် (၂၇) ဝတ်ဆင်ကစားနေကြောင်း သိရသည်။

အီစိုးကို ခေါ်ယူခဲ့သည့် လာအိုလိဂ်ကလပ် Young Elephants အသင်းသည် အပြောင်းအရွှေ  ့နှင့်ပတ်သက်၍ အတည်ပြုသတင်း ထုတ်ပြန်ခဲ့သော်လည်း စာချုပ်သက်တမ်းကိုမူ မဖော်ပြခဲ့ကြောင်း သိရသည်။

လာအိုလိဂ်ပြိုင်ပွဲကို နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၀ ရာသီအထိ လာအိုပရီးမီးယားလိဂ်ဟု ခေါ်တွင်ခဲ့သော်လည်း ယခုရာသီတွင်မူ PEPSI အချိုရည်က စပွန်ဆာပေးထားသောကြောင့် ပက်ပ်ဆီလာအိုလိဂ်ဟု ခေါ်တွင်စေလျက်ရှိကြောင်း သိရသည်။

ယခုရာသီ လာအိုလိဂ်ပြိုင်ပွဲကို အသင်း (၇) သင်းဖြင့် နှစ်ကျော့ပုံစံ ကျင်းပနေပြီး လက်ရှိတွင် Young Elephants အသင်းက (၇) ပွဲကစား၊ (၆) ပွဲနိုင်၊ (၁) ပွဲ သရေ၊ ရှုံးပွဲမရှိသေးဘဲ ရမှတ်(၁၉) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရသည်။

Young Elephants အသင်းသည် ပြီးခဲ့သည့် မေ(၂၂) ရက်က လာအိုစစ်တပ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းပွဲတွင် မြန်မာလူငယ်တိုက်စစ်ကစားသမား အီစိုးမှာ Young Elephants အသင်း၏ အရန်စာရင်း၌ ပါဝင်ခဲ့သော်လည်း ဝင်ရောက်ကစားခွင့် မရရှိခဲ့ကြောင်း သိရသည်။

Young Elephants အသင်းသည် မေ(၂၅) ရက်တွင်  အမှတ်ပေးဇယားအဆင့်(၆) နေရာမှ ချမ်ပါဆက်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

အီစိုးသည် ၂၀၁၇ ခုနှစ်အတွင်းက ရန်ကုန်ယူနိုက်တက် ယူ-၂၁ လူငယ်အသင်းထံသို ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းကြီးထံသို ့ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုကာ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အီစိုးသည် ရန်ကုန်ယူနိုက်တက်အသင်းကြီးထံ ရောက်ရှိခဲသည့် ၂၀၁၈ ခုနှစ်အတွင်းမှာပင် ခြေစွမ်းပြကစားနိုင်ခဲ့သလို AFC Cup ပြိုင်ပွဲတွင်လည်း ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။

အီစိုးသည် မြန်မာ့လက်ရွေးစင်လူငယ်အသင်းများတွင်လည်း ရွေးချယ်ခံခဲရပြီး ယခု ပြည်ပထွက်ကစားမှုမှာ ၎င်းအတွက် ပထမဆုံးဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK