မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲအကြိုပြင်ဆင်မှုအဖြစ် ယနေ ့(မေ ၂၄) တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို ့၌ ဟောင်ကောင်အသင်းနှင့် ခြေစမ်းကစားမည်ဖြစ်ပြီး ယင်းခြေစမ်းပွဲမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) အသိအမှတ်ပြု ခြေစမ်းပွဲမဟုတ်ဘဲ လေ့ကျင့်ရေးခြေစမ်းပွဲ (Training Match) သာဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်အသင်းတို ့၏ လေ့ကျင့်ရေးခြေစမ်းပွဲကို မြန်မာစံတော်ချိန်(၃) နာရီခွဲတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို ့ မေ ၂၂ ရက်က ထွက်ခွာသွားခဲ့ပြီး ဇွန် ၂ ရက်အထိ နေထိုင်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ထိုင်းနိုင်ငံတွင် နေထိုင်လေ့ကျင့်နေစဉ်အတွင်း ခြေစမ်းပွဲနှစ်ပွဲကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယနေ့တင် ဟောင်ကောင်အသင်းနှင့် ခြေစမ်းကစားပြီးပါက မေ ၂၇ ရက်တွင် ဘာရိန်းလက်ရွေးစင်အသင်းနှင့် ထပ်မံခြေစမ်းကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဘာရိန်းလက်ရွေးစင်အသင်းနှင့် ကစားမည့် ခြေစမ်းပွဲကိုမူ FIFA အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ ့တွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဟောင်ကောင်အသင်းမှာ မေ ၂၇ ရက်တွင် ထိုင်းလက်ရွေးစင်အသင်းနှင့် လေ့ကျင့်ရေးခြေစမ်းပွဲ(Training Match) ပုံစံ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ထိုင်းခရီးစဉ်သို ့ ပဏာမကစားသမား ၂၇ ဦး ခေါ်ဆောင်သွားပြီး အပြီးသတ်ကစားသမား ၂၃ ဦးကို ခြေစမ်းပွဲနှစ်ပွဲအပြီးမှ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲနှစ်ပွဲကစားအပြီး ဇွန် ၃ ရက်တွင် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ပြုလုပ်မည့် ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည်၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု (F)တွင် ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ စင်ကာပူတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။
မြန်မာအသင်းသည် အုပ်စုပွဲစဉ် များအဖြစ် ဇွန် (၈)ရက်တွင် တာဂျစ်ကစ္စတန်၊ ဇွန်(၁၁)ရက်တွင် ကာဂျစ္စ တန်၊ ဇွန်(၁၄)ရက်တွင် စင်ကာပူအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။
၂၀၂၃ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲဝင် အသင်း ၂၄ သင်းကို ၄ သင်း ၆ အုပ်စု ခွဲဲခြားထားပြီး အုပ်စု (၆)ခုမှ ထိပ်ဆုံး (၆)သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံး (၅)သင်း ပေါင်း (၁၁)သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းပါဝင်သည့် အုပ်စု (F)ပွဲစဉ်များကို ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ကက်ရှ်မြို ့ရှိ ပရိသတ် (၂၃၀၀၀)ဆံ့ ဒိုလန်ကွင်း၌ပြုလုပ်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
