အိုဆင်မန်အတွက် အာဆင်နယ်၏ စံချိန်တင်ကြေးဖြင့် ကမ်းလှမ်းမှုကို နာပိုလီအသင်း ပယ်ချ
24htopnews | December 11, 2024 10:12 AM CST
အာဆင်နယ်အသင်းသည် နာပိုလီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၇၆)သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။
အိုဆင်မန်(၂၃ နှစ်)သည် ယခုရာသီတွင် စီးရီးအေအကောင်းဆုံးလူငယ်ကစားသမားဆု ရရှိထားသူဖြစ်ပြီး (၁၈)ဂိုးသွင်းယူခဲ့သူလည်းဖြစ်သည်။
အာဆင်နယ်အသင်းသည် လာကာဇက်နှင့် အန်ကယ်တီယာတို့ကို ဆုံးရှုံးရဖွယ်ရှိနေသည့်အတွက် တိုက်စစ်ပိုင်းကို ပြန်လည်အားဖြည့်ရန် စီစဉ်နေရာ မန်စီးတီးတိုုက်စစ်မှူး ဂျေးဇူးကို ကမ်းလှမ်းခဲ့သလို၊ ယခု အိုဆင်မန်ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် နာပိုလီအသင်းက အိုဆင်မန်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၉၃)သန်းဝန်းကျင် လိုလားနေကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
