ရိုးမားတိုက်စစ်မှူး အေဘရာဟမ်သည် တိုရီနိုအသင်းနှင့် ရာသီပိတ်ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူပြီးနောက် စီးရီးအေတစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့် အင်္ဂလိပ်ကစားသမားအဖြစ် မှတ်တမ်းသစ်တင်ခဲ့သည်။
စီးရီးအေရာသီပိတ်ပွဲစဉ် (၃၈)အဖြစ် တိုရီနိုနှင့် ရိုးမားအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဧည့်သည်အသင်းက ၃၃၊ ၄၂ မိနစ်(ပယ်နယ်တီ)တွင် အေဘရာဟမ်၊ ၇၈ မိနစ် (ပယ်နယ်တီ)တွင် ပယ်လီဂရီနီတို့သွင်းယူသည့် ဂိုးများနှင့်အတူ (၃)ဂိုးပြတ်အနိုင်ရခဲ့သည်။
အေဘရာဟမ်သည် ယင်းပွဲတွင် နှစ်ဂိုးသွင်းယူခဲ့သောကြောင့် ယခုရာသီစီးရီးအေပြိုင်ပွဲ၌ စုစုပေါင်း (၁၇)ဂိုး သွင်းယူနိုင်ခဲ့ပြီး ၁၉၆၁-၆၂ရာသီက အင်တာမီလန်အသင်းအတွက် (၁၆)ဂိုးသွင်းယူခဲ့သည့် အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂယ်ရီဟစ်ချန်၏စံချိန်ကို ချိုးဖျက်၍ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
ရိုးမားအသင်းမှာလည်း ယင်းပွဲအနိုင်ရလဒ်ကြောင့် ပွဲကုန် (၃၈) ပွဲကစား၊ (၁၈) ပွဲနိုင်၊ (၉)ပွဲသရေ၊ (၁၁) ပွဲရှုံးဖြင့် စုစုပေါင်းရမှတ် (၆၃)မှတ်အထိ ရရှိခဲ့ပြီး လာမည့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်တွင် မြို့ခံပြိုင်ဘက် လာဇီယိုအသင်းနှင့်အတူ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရန် သေချာသွားပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
