Top News

လာမည့်ရာသီ၌ ကစားသမားလစာငွေကို ပေါင်သန်း(၈၀) လျှော့ချသွားရန်  မန်ယူအသင်း စီစဉ်နေပြီး လစာမြင့်မားသည့်ကစားသမားအချို့ကို ရှင်းထုတ်မည်
24htopnews | December 11, 2024 10:12 AM CST

မန်ယူအသင်းသည် ကစားသမားများအတွက် ပေးချေနေရသည့် လစာနှုန်းထား မြင့်မားနေမှုကို လာမည့်ရာသီ၌ လျှော့ချသွားရန် စီစဉ်နေပြီး လက်ရှိပေးချေနေရသည့် ပမာဏမှ ပေါင်သန်း (၈၀)လျှော့ချသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ထွက်ပေါ်ခဲ့သောစာရင်းအရ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်စီးတီးနှင့် ချယ်လ်ဆီးတို့၏နောက် တတိယလစာအများဆုံးအသင်းအဖြစ် ရပ်တည်နေသည်။

မန်စီးတီးအသင်းက တစ်နှစ်လျှင် စုစုပေါင်းလစာ(၃၅၅)သန်း၊ ချယ်လ်ဆီးက (၃၄၃)သန်းနှင့် မန်ယူက (၃၂၃)သန်းရှိနေခြင်းဖြစ်သည်။

ထိပ်သီး(၆)သင်းပင် လစာအများဆုံးအဖြစ် ရပ်တည်နေပြီး လီဗာပူးလ်က(၃၁၄) သန်း၊ အာဆင်နယ်က (၂၄၄)သန်းနှင့် စပါးက(၂၀၅)သန်းရှိနေသည်။

မန်ယူအသင်းသည် နည်းပြသစ် တန်ဟက်ဂ်ကို ခန့်အပ်ခဲ့ပြီးနောက် ကစားသမားအပြောင်းအလဲများပြုလုပ်ကာ အသင်းကို ပြန်လည်တည်ဆောက်သွားမည်ဖြစ်ရာ လစာလျှော့ချရန်ပါ လုပ်ဆောင်သွားရန် စီစဉ်ထားခြင်းလည်းဖြစ်သည်။


READ NEXT
Cancel OK