အက်စတွန်ဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွင် (၂)ဂိုး သွင်းယူခဲ့ပြီး နိုင်ပွဲအတွက် အရေးအပါဆုံးကစားသမားဖြစ်ခဲ့သည့် မန်စီးတီးကွင်းလယ်လူ ဂွန်ဒိုဂန်က ပြိုင်ဘက် လီဗာပူးလ်အသင်းကို ဂုဏ်ပြုချီးကျူးမှု ပြုလုပ်ခဲ့ပြီး လီဗာပူးလ်သာ မရှိလျှင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယခုလောက် ဆွဲဆောင်မှုရှိလိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
ဂွန်ဒိုဂန်သည် ယင်းပွဲတွင် (၆၈)မိနစ်ရောက်မှ လူစားဝင်ကစားခဲ့ရသော်လည်း ပထမချေပဂိုးနှင့် အနိုင်ဂိုး သွင်းယူခဲ့ခြင်းကြောင့် အဆိုပါပွဲ၏ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သည်။
ပွဲအပြီးတွင် ဂွန်ဒိုဂန်က ''လီဗာပူးလ်က မယုံနိုင်ဖွယ်ရာသီတစ်ခုကို ဖြတ်သန်းခဲ့တာပါ။ လီဗာပူးလ်သာ ဒီမှာ မရှိဘူး၊ ဒီလိုမျိုး မကစားခဲ့ဘူးဆိုရင် ပရီးမီးယားလိဂ်က အခုလောက် ဆွဲဆောင်မှုရှိမှာ မဟုတ်ပါဘူး။ သူတို့က ကျွန်တော်တို့နောက်မှာ တစ်မှတ်သာ ကွာပြီး ကျန်ခဲ့တာပါ။ သူတို့အတွက် ဝမ်းနည်းစရာနေ့ဖြစ်ပေမဲ့ သူတို့ကို ကျွန်တော်တို့ ဂုဏ်ပြုဖို့ လိုပါတယ်။ အထူးသဖြင့် ကျွန်တော့်ရဲ့ နည်းပြဟောင်းကိုပေါ့။ နောက်ရာသီမှာလည်း သူတို့နဲ့ ဆက်ပြီး ပြိုင်ဆိုင်သွားမှာပါ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
