ယခုရာသီကုန်တွင် ဂျူဗင်တပ်စ်အသင်းနှင့် လမ်းခွဲခဲ့သည့် အီတလီဝါရင့်နောက်ခံလူ ချီလီနီသည် မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ် FC အသင်းသို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း သတင်းအများအပြားက ဖော်ပြလျက်ရှိသည်။
အသက်(၃၇)နှစ်အရွယ်ရှိ ချီလီနီသည် ဂျူဗင်တပ်စ်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ဂျူဗင်တပ်စ်အသင်းက လက်ကျန်စာချုပ်သက်တမ်းကို ဖျက်သိမ်းပေးပြီး အသင်းမှ ထွက်ခွာခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
၎င်းသည် ဂျူဗင်တပ်စ်အသင်းတွင် (၁၇)နှစ်ကြာ ကစားခဲ့ပြီး စီးရီးအေ(၉)ကြိမ်၊ ကိုပါအီတာလီယာ(၅) ကြိမ် ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်း နှစ်ကြိမ်တိုင် တက်ရောက်နိုင်ခဲ့သည်။
ချီလီနီအနေဖြင့် ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၅၆၁)ပွဲကစားပေးခဲ့ပြီး ဒယ်လ်ပီယာရို(၇၀၅ ပွဲ)၊ ဘူဖွန်(၆၈၅ ပွဲ)ပြီးနောက် အသင်း၏ တတိယမြောက်ပွဲအများဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်နိုင်ခဲ့သည်။
လော့စ်အိန်ဂျလိစ် FC အသင်းသည် ချီလီနီကိုခေါ်ယူရန် ပြီးခဲ့သည့် အပတ်ကတည်းက ကမ်းလှမ်းထားခြင်းဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း အနားမယူမီ မေဂျာလိဂ်ကို ပြောင်းရွှေ့ကစားရန် စိတ်အားထက်သန်လျက်ရှိသည်။
လော့စ်အိန်ဂျလိစ် FC အသင်းသည် မေဂျာလိဂ်ပြိုင်ပွဲ အနောက်ပိုင်းဇုန်တွင် ထိပ်ဆုံးမှ ဦးဆောင်နေပြီး မက္ကဆီကိုနာမည်ကြီး တိုက်စစ်မှူး ကားလို့စ်ဗေလာ ကစားနေသည့်အသင်းလည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
